[Unicode]
ကျောင်းစဖွင့်ကတည်းက ယခုအချိန်ထိ သူမနှင့် တွေ့ရသည်မှာ နှစ်ခေါက်သာ ရှိသေးသည်။ သို့သော် မကြာခင် ကျောင်းထပ်သွားဖို့ ရှိ၍ တော်သေးသည်ဟု ဆိုရမည်။ အရင်တုန်းက သူမနှင့် မတွေ့ရလည်း အဆင်ပြေခဲ့ပေမဲ့ ဟိုတလောက သူမနှင့် ပြန်တွေ့ပြီးနောက်တွင်တော့ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း၌ ကျွန်မ၏ ဦးနှောက်ထဲတွင် သူမကသာ ကြီးစိုးနေ၏။
ကျွန်မတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့လျှင်တောင် ဘာမှ ကောင်းကျိုးမရှိနိုင်ကြောင်း သိသော်လည်း ပြန်အဆင်ပြေနိုင်ဖို့ အနည်းငယ်တော့ မျှော်လင့်မိနေသေးသည်။
အရာအားလုံး သဲထဲရေသွန် ဖြစ်သွားသည့်တိုင် ခေါင်းထဲမှာ တရေးရေး ပေါ်နေသော သူမနှင့် ပတ်သတ်သည့် အမှတ်တရအချို့က ကျွန်မကို ပျော်ရွှင်မှု အနည်းငယ်ပေးနိုင်သေး၍ ဝမ်းသာမိသည်။ နာကျင်မှုများကြားထဲ၌ ဆက်လက် ရပ်တည်နေနိုင်ရန် ခွန်အားပေးသော ထို အမှတ်တရ အပိုင်းအစလေးများအား တစ်သက်တာ ထွေးပွေ့ယုယထားချင်မိသည်။
✧
ဒီနေ့ဟာ ကျူရှင်မှာ တီချယ်နှင့် တွေ့ရတာ ခြောက်ရက်မြောက်နေ့ဖြစ်သည်။ ဥပုသ်လ စပြီ ဖြစ်သည့်အတွက် စနေနေ့ပါ ကျောင်းတက်ရသဖြင့် သူမအား အဖြူအစိမ်းနှင့်သာ တွေ့ရတော့သည်။ သို့သော် သူမက အပေါ်အင်္ကျီကို ခပ်ပွပွ ဘလောက်စ်အဖြူရောင်နှင့် လဲထား၏။
အမှတ်ထွက်ပြီ ဖြစ်သည့်အတွက် သူမက ကျူရှင်ရှိ လူများအားလုံး၏ အမှတ်ကို မေးသည်။ သူမနှုတ်မှ ထွက်လာမည့် ကျွန်မ၏ နာမည်ကို ကြားရဖို့ မျှော်လင့်နေခဲ့ပေမဲ့ ထင်သလို မဖြစ်လာပါ။
သူမအတန်းထဲက သူများအား ဦးဆုံးမေးပြီးနောက် တစ်ခန်းချင်းဆီမှ တစ်ယောက်ချင်းဆီကို အမှတ်မေးလာသော်လည်း ကျွန်မကိုတော့ လုံးဝ မမေးပေ။ သူမနှုတ်ခမ်းဖျား တစ်ခါလှုပ်လိုက်တိုင်း နောက်တစ်ခါ ခေါ်မည့်နာမည်မှာ ကျွန်မနာမည်ဖြစ်ဖို့ ဆုတောင်းနေမိသည်။ သို့သော် အခန်းထဲကလူတွေကို အကုန် အမှတ်မေးပြီးသွားသည့်တိုင် ကျွန်မနာမည်မှာ မပါလာ။
YOU ARE READING
သူမ