Part 2

75.6K 4.6K 70
                                    

Unicode

Bar အတွင်းကို ကမ္ဘာ, ဝင်လာလာချင်း သူ့၏အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်လက်ပြနေသည်ကို မြင်လိုက်ရပါပြီ။ သူတို့ရှိရာ ဦးတည်ပြီး ဘေးဘီမကြည့်ပဲ လျှောက်ခဲ့သည်။ သွားတဲ့ လမ်းတစ်လျှောက် မိန်းကလေးများပါမက တစ်ချို့ ယောက်ျားလေးတွေပါ မသိမသာ ကြည့်ကြသည်။ သူတို့အားလုံးသိကြပါတယ် ဒီလူက Global Group ရဲ့ နှစ်ယောက်မရှိတဲ့ MD ဇေကမ္ဘာယံ ဆိုတာကို။ အားလုံးက ကမ္ဘာ, ထိုင်ပြီးတဲ့အထိ မသိမသာကြည့်ကြတုန်း။

"ဘယ်လိုလဲ အခြေအနေ အလုပ်ပဲ ဖိလုပ်မနေနဲ့ အသက်ကပဲ ခုမှ ၂၅ ရှိသေးတယ် ယူမယ့်သူရှိလားဆိုတော့ ပြစရာမရှိဘူး"

ပြည့်လျှံက ဖဲ့သလိုပြောတော့ မေမီက ထောက်ခံတဲ့သဘော ပြုံးစိစိနဲ့ခေါင်းငြိမ့်လျှက်။

"ပေါ့ပေါ့နေ ပေါ့ပေါ့စား မဖြစ်ချင်လို့ကွာ၊ ‌ဒါနဲ့ မေမီ ဟိုတစ်လောက ပြောတဲ့ ဆိုင်ဖွင့်မယ် ဆိုတာ ဘယ်လိုအခြေအနေရှိပြီလဲ"

"ဟုတ်သား မီ ငါတို့ဘာတွေ ဝိုင်းကူရအုန်းမလဲ"
ပြည်လျှံ ကပါ အားတတ်သရော မေးလာတော့

"ဟိုဘက်က ကျွမ်းကျင်သူနဲ့တော့ စကားစပြီးပြီ ငါလုပ်ချင်တဲ့ပုံစံ‌လဲ ပြောပြထားတယ်လေ။ ငါက Platinum ကိုမှ big accessories မဟုတ်ပဲ small accessories လေးတွေဆိုတော့ သူတို့လဲ စဉ်းစားနေတယ်။ နင်တို့ ကူပေးရမှာက ငါဆိုင်ဖွင့်ရင် အားပေးဖို့ပါပဲ ဟီးး"

"ဒါကပြောနေစရာတောင် မလိုဘူး မီရယ်။ ငါတို့ ၃‌ ယောက်က တစ်ယောက်ကိုတစ်ယောက် support နေကြတာပဲကို။ တစ်ခုပဲ ကမ္ဘာကိုတော့ ငါတို့ နှစ်ယောက်က ပြန် support စရာကိုမလိုတာ"

"မင်းတို့ကလဲ ပြောလိုက်ရင် ငါကပဲ ဟီးရိုးကြီးကြ"

သူတို့စကားပြောနေစဉ်ပဲ အနက်ရောင် pant နဲ့ T shirt အဖြူ လက်တိုဝတ်ပြီး လျှာဦးထုတ်အနက်ရောင် ခပ်ငိုက်ငိုက်စောင်းထားတဲ့ လူတစ်ယောက် ဝင်လာပြီး waiter ကောင်လေးနဲ့ စကားပြောရင်း ဝိုင်းတွေကို ဖြတ်ကျော်ပြီး  မှန်နံရံအခန်းထဲ ဝင်သွားသည်။ သူသွားရာ လမ်းတစ်လျှောက် အားလုံးရဲ့ အကြည့်တွေက သူ့ဆီရောက်နေသလို အဲ့အထဲ ကိုယ်လဲပါတာ ကမ္ဘာ, သိလိုက်တယ်။ ပြည့်လျှံကတော့ ကမ္ဘာ့ကို ကြည့်ရင်း

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now