Part 15

55.2K 3K 52
                                    

Unicode

ကမ္ဘာ, ဇယ့်ကွန်ဒိုမှာ အိပ်တဲ့နေ့က ကိုဂျွန်က ဇယ့်ဆီ ခရီးကိစ္စဆက်သွယ်လာတာ သူသိလိုက်၏။ အိမ်ပြန်ရောက်မှ သူ, ကိုဂျွန့်ကို ဖုန်းပြန်ဆက်ပြီး သိချင်တာတွေ မေးရတော့သည်။ ငွေဆောင်ကို အပန်းဖြေသွားမယ်ဆိုတာသိလိုက်တော့ ကိုယ့်မှာ အလုပ်ထဲ အရေးကြီး appointment ရှိမရှိစစ်ရသေးသည်။ ပြီးတာနဲ့ Global ပိုင် ဟိုတယ်ဘက်ကို ချိတ်ပြီး အားလုံးစီစဉ်ရ၏။ သွားထဲက တစ်ခါထဲ လိုက်သွားချင်ပေမယ့် ကိုယ့်ကောင်‌လေး ကို surprise လုပ်ချင်တဲ့တာကြောင့် နောက်ကနေသာ လိုက်ခဲ့ရ၏။

အခုတော့ ညစာစားဖို့ dinning room ကိုလူစုံတတ်စုံချီတတ်ကြသည်။ ဇေကမ္ဘာယံ ကိုတွေ့တော့ မန်နေဂျာက နှုတ်ဆက်ပြီး သူတို့အတွက် သီးသန့်စားပွဲပြင်ဆင်ပေး၏။

"ဝိုး..!ကိုဇေကမ္ဘာယံ တစ်ယောက်ပါတာ ပွဲဟ, ငဇယ် မင်းတော့ လင်ရကောင်းပြီ"

"ငါ-ိုး လင်ရကောင်း၊ ကိုထူးသစ် ဒီကောင့်ဘာကြည့်ကြိုက်လဲမသိဘူး"

"မင်းမသိလို့ ဇယ်ကြီး ကိုထူးသစ်ကို ဒီကောင်ဝေကြီးက ခြိမ်းခြောက်ထားတာ"

"ကိုဂျွန် မဟုတ်တာပြောတော့မယ်၊ ကိုကြီးက ဒီကောင်မှဒီကောင်ပဲ"

ဝေလက ပြောလဲပြော ထူးသစ်ပါးကို ဆွဲလဲဆွဲ။

"မင်းမှမင်းဆိုလို့ကတော့ ကိုထူးသစ်က အင်နိုးစန့်လေးမို့လို့။ ကိုထူးသစ်ကို အကုန်သိသွားအောင် ငါသင်ပေးမယ်"

"သူတောင်းစား...!ငါ့ကိုကြီးကို မဖျက်စီးနဲ့"

ဇယ်က ပုခုံးတွန့်ပြီး လက်ခါပြသည်။ ထူးသစ်ကတော့ ဝင်လဲမပြောရဲ မျက်နှာပူနေသည်။ ကမ္ဘာကတော့ ဇယ့်ကို မျက်လုံးရွှဲကြီးနဲ့ ကြည့်နေ၏။ သူတို့ကို private room ထဲမှာ ပြင်ဆင်ပေးလို့တော်တော့တယ်။ ‌ဇယ်နဲ့ဝေလ ဆဲဆိုစကားနိုင်လုနေတာတင် ဆူညံနေရော။ ဒါကို ဟိုတယ်မန်နေဂျာ အပြင်ကနေကြည့်ပြီး report တင်နေတာသူတို့မသိလိုက်။

"ဟုတ်ကဲ့ အန်ကယ်, MD ကြည့်ရတာ ဒီလူငယ်တွေနဲ့ တော်တော်ရင်းနှီးတဲ့ပုံပါ ဆံပင်ရှည် tattoo ရှိတဲ့ လူငယ်နဲ့ပိုရင်းနှီးပုံရတယ်"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now