Part 23

45.8K 2.7K 66
                                    

Unicode

ကမ္ဘာတို့အိမ်မှာတော့တိတ်ဆိတ်ငြိမ်သတ်နေ၏။ ကမ္ဘာ ရုံးက ပြန်ရောက်တော့ မေမေကို မတွေ့ရ ဖေဖေကတော့ ဧည့်ခန်းမှာထိုင်နေသည်။

"သား ပြန်လာပြီလား"

"ဟုတ်ကဲ့ ဖေဖေ၊ မေမေရော"

"သားမေမေ သမီးစွဲခတ္တာနဲ့ အပြင်ထွက်မယ်ဆိုပြီး နေ့လည်ထဲက ထွက်သွားတာပဲ"

‌"ကျွန်တော် ဖေဖေနဲ့အေးဆေး စကားပြောချင်တယ် စာကြည့်ခန်းထဲ သွားရအောင် ဖေဖေ"

"ဟေ အေးအေး"

စာကြည့်ခန်းထဲမှာတော့ ဦးဇေဝဏ္ဏနဲ့ကမ္ဘာ နှစ်ယောက်ထဲ ရှိနေ၏။ သားက ဘာပြောမှာ မို့လို့ စာကြည့်ခန်းထဲထိ သူ့ခေါ်ရတာလဲ တွေးနေသည်။

"ဖေဖေ, စွဲခတ္တာရဲ့ဖေဖေကိုထောက်ပံ့ပေးနေတာ ရပ်လိုက်တော့နော်။ ဖေဖေလဲ သူတို့ဘာတွေလဲဆိုတာ အနဲနဲ့အများတော့ သိမှာပါ၊ သူတို့အဖိုးရဲ့ ကိစ္စတွေ တစ်ချိန်မဟုတ်တစ်ချိန်ပေါ်လာရင် ဖေဖေလဲထိခိုက်မှာဖြစ်သလို ဖေဖေတည်ထောင်ထားတဲ့ Global လဲအနဲနဲ့အများ ယိုင်မှာနော် ကျွန်တော်ကတော့ အဲ့လိုအဖြစ်မခံနိုင်ဘူး"

သားသတိပေးတာကို သူလက်ခံကာ ခေါင်းငြိမ့်မိ၏။ သူလဲ ဒီကိစ္စတွေရဲ့ အတိမ်အနက်ကို သိသင့်သလောက်တော့ သိပါတယ်။ သားဇောနဲ့လောပြီး ဆုံးဖြတ်မိတာ ‌နောက်မှသိလိုက်ရတော့ သူချင့်ချိန်လိုက်ပေမယ့် ဒီလူဘက်မှာ Global ကဆိုတာ အနဲနဲ့အများသိကုန်နေပြီဖြစ်၏။

"ဖေဖေလဲ အခုအဲ့ဘက် သိပ်မလုပ်တော့ပါဘူး"

"သိပ်မလုပ်ရမှာမဟုတ်ဘူး အစထဲကအဲ့လိုကိစ္စတွေမသိပဲမဝင်သင့်ဘူး ဖေဖေကျွန်တော့်ကို အရင်တိုင်ပင်သင့်တယ်၊ မေမေကရော အခုမှ သိတဲ့သူနဲ့ ဘာလို့ အဲ့လောက်ရောနေတာလဲ"

"သားမေမေကို ခဏတော့ လွှတ်ထားပေးလိုက်ပါ၊ သူလဲ မိန်းကလေးချင်း မို့ ခင်တွယ်သွားတာလဲ ဖြစ်နိုင်တယ်လေ၊ သားကိစ္စလဲ သူဘာမှဆက်ပြောတာ မတွေ့ပါဘူး"

"ဘာမှမပြောပေမယ့် လက်ခံတယ်လဲ မပြောသေးဘူးဖေဖေ၊ သူလက်မနိုင်သေးဘူးဆိုရင်တောင် အဲ့ဘက်နဲ့ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ရှေ့မဆက်သင့်ဘူး"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now