Part 20

48.1K 2.9K 134
                                    

Unicode

အဓိကရည်ရွယ်ထားတဲ့သူ မရှိသေးတဲ့နေ့လည်စာထမင်းဝိုင်းကတော့ စကားသံတွေနဲ့ရယ်မောသံတွေ ဆူညံနေ၏။ သူတို့ကတော့ ဇေကမ္ဘာယံစိတ် ဘယ်လိုလဲဆိုတာ မေးဖို့မလိုပဲ သူတို့စီစဉ်စရာရှိတာ စီစဉ်မယ်ဟု တွေးတောနေပါသည်။

ဦးဇေဝဏ္ဏ ကတော့ ရင်မအေးနိုင် မျက်ခုံးလှုပ်လှုပ်ပါပဲ။ သားက ဒီအသက်ဒီအရွယ်ထိ မိဘ စကားနားထောင်လာ‌တာ မှန်ပေမယ့် သားအောင်မြင်မှု‌တွေ လူတိုင်းချီးကျူးနေတာတွေ Global Group ရဲ့ MD နေရာထိဆက်ခံနိုင်နေတာက သူတို့တိုက်တွန်းလို့မဟုတ်။ သားကိုယ်တိုင် သူလိုချင်တဲ့ life ပုံစံ သူကိုယ်တိုင် ထွင်းထုလျှောက်လှမ်းတာဖြစ်သည်။ ဒါဆို အခုကိစ္စကရော သားကိုယ်တိုင် လိုလိုချင်ချင် လျှောက်လှမ်းတာဆိုရင် သူလက်ခံရမည်လား သူဘာလုပ်ရမလဲ။ သားမေမေကရော ဘယ်လိုလုပ်မလဲ။ မိဘတွေစီစဉ်တာ လက်မခံခဲ့ရင် ဘယ်လိုလုပ်မလဲတွေးပေမယ့် အဖြေက ရေရေရာရာမရှိ။

ကမ္ဘာ ခြံဝန်းထဲ ကားမောင်းဝင်လာတော့ ခြံထဲမှာ သူမမြင်ဖူးတဲ့ ကားတွေရှိနေ၏။ နေ့လည်စာအတူစားဖို့ပြန်လာရင်း ကိုယ့်ကိစ္စ ဖွင့်ပြောမလို့ကို ဧည့်သည်ကရောက်နေတာလား။ သူ ကားသံကြားလိုက်တာနဲ့ မေမေအရိပ်လေး မြင်လိုက်သည်။ မေမေ့ကိုတွေ့တော့ သူပြုံးမိ၏။ သူအိမ်ပြန်မလာတာတောင် ရက်တော်တော်ကြာနေပြီလေ အခုမှ မိသားစုကို ပြန်တွေ့ရတော့၏။ မိသားစုလို့ တွေးမိရင် "ရိုး" ကိုတွေးမိတာ အခါခါ။ သူ့ရဲ့အချိန်တိုင်းကို ရိုးက စိုးမိုးနေတော့ သူရယ်မိပြန်၏။ မေမေကပြုံးရင်း နောက်ကလူ တစ်ယောက်ယောက်ကို လှည့်ခေါ်နေသလို။ သူကားပါကင်ထိုးပြီး အိမ်ဘက်ပြန်လျှောက်လာတော့ မေမေက အိမ်ဝမှာ ထွက်ကြိုနေ၏။ သူ့ပျော်ရွှင်မှုက မေမေ့နောက်မှ ထွက်ပေါ်လာသူကြောင့် ပျက်သုံးသွားပြီး မျက်နှာမှာ အလိုမကျမှုက ချက်ချင်း ကြီးစိုးသွားသည်။ နောက်က စွဲခတ္တာကတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၏။ မျက်နှာပျက်သွားတဲ့ သားကို ဒေါ်သီရိ တစ်ယောက် တွေ့သွားပြီး လက်ကိုတင်းနေအောင် ဆုတ်မိသည်။ ကိုယ့်သားက အဲ့လိုတောင် ဖြစ်ပျက်နေပြီလား။ ကိုယ့်ကိုကိုယ်ပြန်ထိန်းလိုက်ကာ

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now