Part 21

46K 2.8K 279
                                    

Unicode

ထူးသစ်ကတော့ ပုံကျနေတဲ့အလုပ်တွေကို အပြတ်ဖြတ်နေရ၏။ ဖလမ်း ကသတင်းလှမ်းပို့ချက်အရ သစ်ခိုးထုတ်မယ့်သူထဲက တစ်ယောက်မိပြီး စစ်ဆေးနေပေမယ့် မိတဲ့သူက အရံလူဆိုတော့ အဓိကလူ ဘယ်သူမှန်းဖော်ထုတ်လို့မရသေးဘူး ဖြစ်နေ၏။ ဒီတစ်ရက် နှစ်ရက် အတွင်း သူ ဖလမ်းကို သွားဖြစ်မှာဖြစ်သည်။ အခုတော့ ဝေလ နေ့လည်စာ စားဖို့လာခေါ်လို့ ရုံးခန်းထဲကနေ အောက်ဆင်းလာတာဖြစ်သည်။ Yoe Yar Group building ဝင်းပေါက်ဝရှေ့တည့်တည့်ကားပါကင်မှာတော့ ဝေလက ကားကိုမှီလက်ပိုက်ပြီး သူထွက်လာတာကို ကြည့်နေတာဖြစ်သည်။ သူကားနားရောက်တာနဲ့ တစ်ဖက်ကိုလာပြီး ကားတံခါးဖွင့်ပေး၏။ သူတို့ နှစ်ယောက် အနီးအနားက ဆိုင်မှာပဲ နေ့လည်စာစားဖြစ်ကြသည်။ ဝေလ, ထူးသစ်ကို ပြန်ပို့ပေးရင်း building ထဲပြန်ရောက်ပြီး ကားပါကင်ထိုးနေတော့

"ဝေလ ကိုယ် ခရီးသွားရမယ် ဖလမ်းဘက် နဲနဲတော့ကြာမယ်"

"နဲနဲက ဘယ်လောက်လဲ"

မေးလဲမေး ကားလဲ ပါကင်ထိုးပြီးဖြစ်သည်။ ထူးသစ်က ဝေလ ကြည့်နေတော့ ဝေလက ပြန်လှည့်ပြီး မျက်နှာချင်းဆိုင်လိုက်၏။

"အများကြီးမကြာပါဘူး ၁လ လောက်ပဲ"

"ဟမ် ၁လကြီးတောင် ဟာကွာ"

"ကိုယ်မသွားလို့ မဖြစ်အောင်ကို အရေးကြီးလို့‌လေ"

"အဲ့ဒါဆို ၁လတောင် မတွေ့ပဲ နေရမှာပေါ့"

"Video call ပြောလို့ရတယ်လေ"

"လိုင်းမိလို့လား ကျွန်တော် မျက်နှာလေး မြင်ချင်တိုင်း ခေါ်လို့ရလား"

ဝေလကတော့ ဇယ်တို့ရဲ့ လုပ်ငန်းထဲမှာ Tele communication လုပ်ငန်းရှိတာမေ့နေပြီး အင်တာနက်မရပဲ ဖုန်းခေါ်လို့မရမှာ စိုးရိမ်နေသည့်ပုံ။

"အာ အချိန်တိုင်း မဟုတ်ပေမယ့် မင်းခေါ်တိုင်းကိုယ်ကိုင်နိုင်ဖို့ ကြိုးစားမယ်။ တစ်ရက်ကို တစ်ခါတော့ ပြောဖြစ်အောင်ပြောမယ်နော်"

"အွန်းပါ"

"မင်းလဲ ငါဒီမှာ မရှိတာကို အခွင့်ကောင်းယူပြီး ကဲမနေနဲ့နော်"

"ဘာလဲ အဲ့တာက သဝန်တိုတာလား"

"တိုတာပေါ့ ငါ့ချစ်သူပဲ"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now