Part 26

44.8K 2.7K 168
                                    

Unicode

ကမ္ဘာကတော့ ဒီနေ့မှ ရုံးပြန်တက်တာဖြစ်၏။ သူဇယ့်ဘေးမှာ နေရင်း အိမ်ကနေ အလုပ်လုပ်နေတာ ၁ပတ်နီးပါးရှိပြီဖြစ်သည်။ သူဇယ်နဲ့ ၁ပတ်လောက်နေလိုက်တာ ဇယ်ရဲ့ ချွဲတတ်မှုတွေ၊ ကလေးဆိုးသလို ဆိုးတာတွေ သိခဲ့ရပြီး အချစ်ပိုရပြန်၏။ တစ်ခါတစ်လေ ဂျီကျတတ်ပြီး တစ်ခါတစ်လေ ဂျစ်တိုက်၏။ MacBook နဲ့ကုတင်ခေါင်းရင်းမှီပြီး အလုပ်လုပ်နေလဲ သူ့လက်ကိုလာမြှောက်ပြီး ခြေထောက်ကြားထဲ ဝင်ထိုင်ကာ သူ့မှီပြီး ဝင်အိပ်ရင်အိပ်တတ်၏။ သေချာပါသည် ကမ္ဘာ့အတွက် ဇယ်စေးရိုးနဲ့ တွေ့ဆုံမှုက အဖိုးမဖြတ်နိုင်တဲ့အရာပါပဲ။ ဇယ်နဲ့ရှိနေတုန်း သူ ဖေဖေနဲ့မေမေကိုလဲ ပြန်မဆက်သွယ်ဖြစ်။ သူကုမ္ပဏီထဲဝင်လာတာနဲ့ ဝန်းထမ်းတွေက ပြုံးစိပြုံးစိနဲ့ကြည့်ကြတာသူသိသော်လည်း မျက်နှာတင်းထားတော့ ကြည့်ပဲကြည့်ကြပြီး ဘာမှမဝေဖန်ရဲ့။ အခုတော့ သူ့စားပွဲပေါ်မှာ လက်မှတ်ထိုးစရာတွေ ပုံနေပြီဖြစ်သည်။ သူဒီနေ့ စွဲခတ္တာအဖေနဲ့တွေ့ဖို့လဲ ရှိနေ၏။ သူရုံးပြန်မတက်ခင်ထဲက ခန့်သော် ဆီက report တွေစစ်ရင်း တွေ့ခွင့်တောင်းထားတာ တွေ့တော့ ခန့်သော်အားချိန်းခိုင်းထားတာဖြစ်သည်။ သူတို့ ကုမ္ပဏီမှာ ဒီလူတွေက ဘာတွေလုပ်ချင်နေတာလဲ သူသိချင်၏။

ဒေါက် ~ဒေါက် ~ဒေါက်

ခန့်သော်ဝင်လာပြီး

"MD စွဲခတ္တာအဖေရောက်နေပါပြီ စွဲခတ္တာလဲပါတယ် meeting room ထဲမှာပါ"

"အိုကေ သွားကြတာပေါ့"

ကမ္ဘာ့နောက်က ခန့်သော်လိုက်ရင်း meeting room ထဲဝင်၏။ စွဲခတ္တာနဲ့သူ့ဖေဖေ နှစ်ယောက်က သူတို့ဝင်လာတာတွေ့တော့ ထရပ်ပြီး နှုတ်ဆက်၏။ ကမ္ဘာလဲ လက်ဆွဲနှုတ်ဆက်ပြီး

"ထိုင်ပါ အန်ကယ် ဘာအကြောင်းကိစ္စရှိလို့ ကျွန်တော့်ကိုတွေ့ချင်တာလဲ‌ဗျ"

"အန်ကယ် စီးပွားရေးလေးချဲ့ချင်လို့လေ Global ကိုပဲ ရှယ်ယာဝင်ရင်ကောင်းမလား မောင်ကမ္ဘာ့ဆီက အကြံဉာဏ်လဲ ယူရင်း မတွေ့ရတာ ကြာတော့လေ သမီးကိုလဲ စီးပွားရေးလောကထဲ ဝင်စေချင်နေတော့"

"အာ ကျွန်တော်သိသလောက်တော့ အကြံပေးလို့ရပါတယ်ဗျ။ Global ကတော့ တိုးချဲ့ဖို့လုပ်ငန်းမရှိသေးတော့ အခုချက်ချင်း ရှယ်ယာထည့်ဖို့တော့ အဆင်မပြေလောက်ဘူး အန်ကယ်"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now