Part 28

45.6K 2.8K 93
                                    

Unicode

သူတို့အဖွဲ့ တစ်ညလုံး တုတ်တုတ်မှမလှုပ် ကားချင်းတိုက်တဲ့နေရာမှာ သတင်းယူသူကယူ၊ ထိခိုက်တဲ့သူရှိမရှိ စစ်ဆေးတဲ့သူက စစ်ဆေး။ ရဲတွေရောက်ပြီး ပြိုင်မောင်းတဲ့သူတွေကို အရေးယူဖို့လုပ်နေကြ၏။ အားလုံးက လှုပ်ရှား ရှုပ်ယှက်ခက်နေပေမယ့် ကမ္ဘာကတော့ ညထဲက သူထိုင်ကျသွားတဲ့ နေရာမှာ ဒီအတိုင်းလှုပ်လဲမလှုပ် စကားလဲ မပြော။ မေမီတို့ကို ပြည့်လျှံက အကြောင်းကြားတော့ မေမီတို့လိုက်လာပြီး ရောက်ထဲက မေမီက ကမ္ဘာ့နားမှာ စောင့်ကြည့်ပေးရင်း စကားတွေပြောပေးနေ၏။ သူစကားတွေကို တုန့်ပြန့်မှုလဲ မရှိနားထဲဝင်မဲ့ပုံလဲမပေါက်တဲ့ ကမ္ဘာ့ကိုကြည့်ပြီး မေမီက ငိုသည်။ ရာဇာက တော့ရဲတွေနဲ့သတင်းယူသူ‌တွေစစ်မေးနေတာကို ဖြေရှင်းပြောပြနေရ၏။ သူလက်လွတ်စပယ်လဲ မဖြေရဲ မသိဘူး ဟုသာတင်းခံနေရပြီး ဇယ်ဒီလိုဖြစ်သွားတာ သူမယုံနိုင်သေး။

စွဲခတ္တာကတော့ ဒီကိစ္စပြိုင်ကားမောင်းသူရဲ့အမှားဖြစ်စေပြီး အမှုကို အဲ့လိုအဆုံးသတ်ဖို့ သူ့အဖေ့ရဲ့အာဏာကိုယူပြီး ပြောလိုက်၏။ Container truck ကား မောင်းတဲ့ဘက်က ကားသမားတွေကိုမတွေ့ပေမယ် စွဲခတ္တာရဲ့ အဖေအရှိန်နဲ့အဲ့ဘက်အခြမ်းကို သူတို့ရှေ့ဆက်စစ်ဆေးဖို့ စကားမဟတော့။ စွဲခတ္တာဖြေရှင်းမှုအောက်မှာ ပြိုင်တဲ့သူတွေကို အရေးယူမှုက ကြီးကြီးမားမားမရှိ။ ဘာမသိညာမသိ ဝင်ပြိုင်တဲ့သူတွေကတော့ သူတို့ဂျေးမအောင်းရအောင် ဖြေရှင်းပေးတဲ့ စွဲခတ္တာကို ကျေးဇူးတွေတင်နေလေရဲ့။ တစ်မနက်နဲ့ သတင်းခေါင်းကြီးပိုင်းမှာ ICE ON FIRE ရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဇယ်စေးရိုး ပြိုင်ကားမောင်းရင်း container truck နဲ့တိုက်မိပြီး သေဆုံးကြောင်း သတင်းတွေက နေရာယူလျှက်။ တစ်ဆက်ထဲ ပြိုင်ကားပြိုင်တာတွေကိုနောက်ထပ်‌သိရှိပါက အရေးယူမယ့်အကြောင်းပါကပ်ပါလာသည်။ အရေးယူမယ့် သတင်းတွေအောက်မှာ ဝမ်းနဲလို့ငိုကျွေးတဲ့သူတွေကတော့ သူ့ဖန်တွေပါပဲ။ တစ်ချို့က ပိုက်ဆံရှိတိုင်း ထင်တိုင်းကျဲတဲ့သူတွေ အတုယူဖို့၊ တစ်ချို့က ပစ်တင်ဝေဖန် ရှုံချ ကြသည်။ ဒီသတင်းမှာ ‌ကိုယ့်အပေါ် ကောင်းသူဆိုးသူ တွေရှင်းရှင်းလင်းလင်းပေါ်ထွက်လာ၏။

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now