Part 27

45.8K 2.7K 116
                                    

Unicode

ထူးသစ် ဖလမ်းမှာရှိတုန်း ဇယ် treehouse ထဲထည့်မယ့် ပစ္စည်းတွေ တင်ပေးလိုက်၏။ ထူးသစ်လဲ ဒီတစ်ပတ်အတွင်းပြန်ရောက်မှာ ဖြစ်သည်။ သူနဲ့ကမ္ဘာလဲ တစ်ပတ်တစ်ခါတော့အနဲဆုံးတွေ့ဖြစ်သည်။ ICE မှာ ဆုံလိုက် dinner အတူစားလိုက် တွေ့ဖြစ်သည်။ ကမ္ဘာကတော့ ကွန်ဒိုမှာ တစ်ခါတစ်လေ လာနေတတ်ပြီး သူ့အိမ်မှာ ပြန်အိပ်ဖြစ်နေတာဖြစ်သည်။

ကမ္ဘာ အိမ်သာပြန်နေတာ သူဖေဖေနဲ့ အဆင်ပြေပြေရှိပေမယ့် မေမေကတော့ သူ့ကိုစကားမပြော။ ဇယ်ပြန်ရောက်တဲ့ နေ့က သူတို့ မေမေ့ရှေ့မှာနမ်းလိုက်တာနဲ့ပတ်သတ်ပြီး သူမေမေ့ကို အေးအေးဆေး‌ဆေး စကားပြောချင်ပေမယ့် မေမေက သူ့မြင်တာနဲ့ အခန်းထဲဝင်၏။ စွဲခတ္တာနဲ့လဲ အပြင်ထွက်တာ မတွေ့တော့ သူအဲ့ဖက်ကို တစ်မျိုးစိတ်ချရသည်။ မေမေက သူ့ကိစ္စကို လက်မခံနိုင်သေးဘူးဆိုရင်တောင် အခုစွဲခတ္တာနဲ့သွားသွားလာလာ မလုပ်တာနဲ့တင် သူကျေးဇူးတင်နေမိ၏။ ဖေဖေကတော့ ဇယ်နဲ့ပတ်သတ်ပြီး ဘာမှမပြောတော့ "သားသဘောပါ၊ သား‌မေမေကိုလဲ ဖေဖေ ဖျောင်းဖျ ပေးပါ့မယ်" ဟုဆိုသည်။ သူသတိထားမိသလောက် သူ့နောက်လိုက်နေတဲ့သူကို မတွေ့မိတာ ကြာပြီဖြစ်ပြီး သူလဲ ဒီကိစ္စကို ‌စိတ်မဝင်စားတော့။ ဇယ်က ကမ္ဘာ့ကို ဒီပိတ်ရက် တွေ့ရအောင်ပြောထား၏။ ထူးသစ်ပြန်‌ရောက်မှာ ဖြစ်လို့ ဆုံရအောင်ဟု ဆိုတော့ သူလဲ ပြည့်လျှံနဲ့မေမီကိုပါ ခေါ်ချင်ဆို‌တော့ အဆင်ပြေသည်တဲ့။ ကမ္ဘာပဲ ပြည့်လျှံတို့ဆိုင်ကို ၈ယောက်စာ အခန်းစီစဉ်ပေးဖို့ ပြောထားလိုက်၏။

Hot pot ဆိုင်ရှေ့ကို မော်ဒယ်မြင့်ကားတွေ တစ်စီးပြီး တစ်စီးဆိုက်ရောက်လာ၏။ ဂျွန်နဲ့ သီအိုက တစ်စီး၊ ‌ဝေလနဲ့ထူးသစ်က တစ်စီး၊ ဇယ်စေးရိုးက တစ်စီး၊ ဇေကမ္ဘာယံက တစ်စီး ဖြစ်၏။ မေမီကတော့ ပြည့်လျှံဆီ ကြိုရောက်နေတာဖြစ်သည်။ ဆိုင်ထဲမှာ ရှိနေပြီးသား လူတိုင်းကလဲ မှန်အကာနေ တစ်ဆင့်မြင်နေရပြီး ကားတစ်စီးပြီးတစ်စီးရပ်လာတော့ ဘာတွေလဲဆိုပြီး အထူးအဆန်းဖြစ်နေ၏။ သူတို့ကြည့်နေတုန်းမှာ ကားထဲက ထွက်လာသူတွေက အလန်းတွေပါပဲ။ အိမ်နေရင်းထလာပုံရပေမယ့် ရုပ်ခံတွေနဲ့ထိန်းထားသလိုပါပဲ တကယ်အကြည့်ခံတွေ။ သူတို့က ဆိုင်ပိုင်ရှင် ပြည့်လျှံခေါ်ရာ လိုက်သွားကြတော့ အထဲဝိုင်းတွေကို ဖြတ်ရ၏။ အထဲမှာ ရှိတဲ့သူတွေက ကမ္ဘာနဲ့ဇယ့်ကို တွေ့ပြီး သူတို့ချက်ချင်းသိလိုက်ပါပြီ ဒီနှစ်ယောက်က နာမည်ကြီးသွားတဲ့အတွဲ။ ဇယ်ကတော့ ဆံပင်တွေကို အပေါ်တစ်လွှာစီးချထား၏။

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now