Final

65.4K 2.9K 96
                                    

Unicode

(Warning !!)

ငွေဆောင်ခရီးမှာတော့ ဒီတစ်ခါ လူစုံတတ်စုံပါ၏။ ကမ္ဘာ, ခန့်သော်ရော ရေချယ့်ကိုပါ ခေါ်ခဲ့လိုက်သည်။ ခန့်‌သော်နဲ့ရေချယ် ကြိုက်နေမှန်း သူသိတာမကြာသေး။ သူဇယ့်ကိစ္စနဲ့မူးရူးနေတုန်းကလဲ သူတို့နှစ်ယောက်ပဲ အရာအားလုံး ကိုယ့်ကိုယ်စားဖြေရှင်းပေးရတာ သူသိသည်။ ကမ္ဘာနဲ့ဇယ်က သူတို့ကားနဲ့နှစ်ယောက်ထဲ လစ်၏။ ဝေလကလဲထူးသစ်နဲ့သွားသည်။ ခန့်သော်တို့၊ ပြည့်လျှံတို့နဲ့ကိုဂျွန်က ကားတစ်စီးထဲသွား၏။ မေ‌မီကလဲ ကမ္ဘာအပ်ထားတဲ့ ပစ္စည်းကိုလဲ ကိုယ်နဲ့မကွာဆောင်ထား၏။ ခန့်သော်နဲ့ရေချယ်ကလဲသူတို့ဟိုရောက်ရင် လုပ်ရမယ့်အစီအစဉ်ကို ပြန်စစ်၏။ ကိုဂျွန်ကတော့ သူတို့အစီအစဉ်ကိုကြည့်ပြီး လိုအပ်တဲ့နေရာတွေ ‌ထောက်ပြပေးသည်။

Global Group ပိုင်ဟိုတယ်ထဲ ကမ္ဘာနဲ့ဇယ် လက်တွဲဝင်လာရင်ပဲ ဝန်ထမ်းလေးတွေက အရိုအသေပြု၏။ ကြိုတင်ရှင်းလင်းထားတဲ့ အခန်းအား လိုက်ပြတော့ ကမ္ဘာက တစ်ချက်စစ်ပြီး လိုအပ်တာတွေ ထပ်ဖြည့်ခိုင်း၏။ သူတို့ ၁ ပတ်လောက် အချိန်ဖြုန်းဖို့ စဉ်းစားထား၏။ ဒီကအပြန် ၁ ပတ်လောက်ကျရင်လဲ dinner party ရှိပြီး အကြိုဟန်းနီးမိုး လိုဖြစ်နေ၏။ ဝေလတို့ အခန်းမှာတော့ ပြဿနာတတ်နေ၏။

"မင်း ဟိုဘက်ကုတင်မှာအိပ်"

"ကိုသစ်ကလဲ အတူတူအိပ်ချင်လို့ တစ်ခန်းထဲစီစဉ်ထားတာကို ပူးအိပ်မှာပဲ"

"အဲ့ဒါဆို မင်းစည်းကမ်းရှိ ဘာမှမလုပ်ဘူးလို့ အာမခံလား"

"လုပ်တော့ရော ဘာဖြစ်လို့လဲ ချစ်လို့ကို"

"မင်းလူလို လုပ်ပါ့လား မင်းလုပ်လိုက်ရင် တစ်ရက်လောက်အနဲလေး ထိုင်လို့မရပဲ မှောက်နေရတော့မှာ"

"ဟင်း... မလုပ်တော့ဘူး ဟုတ်ပြီလား၊ လုပ်ချင်စိတ်ဖြစ်လာလို့ လုပ်ရင်လဲ ထိုင်နိုင်လောက်တဲ့အထိပဲလုပ်မယ်နော်"

"မလုပ်ဘူး မရှိဘူး"

"ဒါက အသွေးအသားက တောင်းဆိုတာကို ကျွန်တော်က ဘယ်လိုအာမခံရမလဲပြော ကလေးကြီး ပြွတ်"

"တွေ့လား အလွတ်ပေးလို့မရဘူး အသားယူပြန်ပြီ"

>>>>>>>>>>

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now