Part 6

61.3K 3.8K 68
                                    

Unicode

ဒီနေ့တော့ ကိုဂျွန်နဲ့သီအို၊ ဝေလ နဲ့ ဇယ် သူတို့ဖွင့်မယ့် ဘားကို ရောက်နေကြတာ။ သူတို့ဆွဲထားတဲ့ building design ကတော့ရှယ်ပါ။ ဒါက ဇယ့် စိတ်တိုင်းကျ။ Car parking ပြီး မြင်မြင်ချင်းဒီဇိုင်းက ညာဘက်အခြမ်းမှာ ဖန်လုံးတစ်လုံးက လူကြီးသုံးယောက်ဖက်လို့ရတဲ့ အနေအထား။ အောက်ခြေမှာ ရေတွေအပေါ်ကိုဖျာထွက်ပြီး ရေခဲနေတဲ့ပုံစံ အချွန်တွေရှိပြီး ဖန်လုံးက အပေါ်မှာ နေရာယူလျှက်။ နှစ်ခုစလုံးရဲ့ အရောင်က ocean blue အရောင်နောက်တွေပါ။ ဖန်လုံး‌အရောင်က ocean blue အရောင်အပြင် မီးတောက်ရောင်တွေပါ ရောပြွန်လျှက်။ သူတို့နှစ်ခုပေါင်းအမြင့်က ၁၀ ပေလောက်မြင့်ပြီး ဖန်လုံးရဲ့ အလယ်လောက်မှာ ICE ON FIRE ဆိုပြီး Bar နာမည်က တည်ရှိနေသည်။ ဘယ်ဘက်မှာတော့ ဘွန်ဆိုင်းဝါးပင်လေးတွေရှိသည်။ အထဲဝင်လိုက်တာနဲ လျှောက်လမ်းကိုပဲ မြင်တွေ့ရမယ့် အလင်းရောင် မှိန်မှိန်။ ကျောက်သားအနက်ပေါ်မှာအဖြူရောင်အက်ရာ ဒီဇိုင်း ဘားကောင်တာက နေရာယူထားသည်။ မီးဆိုင်းတွေက ပုလင်းနဲ့ဝိုင်ခွက်ပုံစံ ဖြစ်ပြီး မီးဖွင့်လိုက်ရင် ဝါညစ်ညစ် အရောင်လင်းသည်။ မှန်နံရံတွေပဲ ကာထားပြီး private room တွေလဲရှိသည်။ ခုံတွေ စားပွဲတွေ အားလုံးကို ကျောက်စိမ်းရောင်တွေ သုံးထားပြီး ကောင်တာဘက် နံရံတွေမှာတော့ ပုလင်းတွေထားတဲ့ နံရံကပ် အကန့်လေးတွေရှိသည်။ ပုလင်းတစ်လုံးကို တစ်ကန့်စီထားရှိပြီး တည့်တည့်မဟုတ်အစောင်းပုံအနေအထား။ Private room တွေမရောက်ခင် unplugged တီးဝိုင်းတစ်ခုရှိသည်။ ဝါသနာအရ အပျော်တမ်း ဆိုလို့ရအောင် ထား,ထားတာဖြစ်သည်။ club မှာကဲချင်တဲ့သူတွေကတော့ private room တွေကိုဖြတ်ကျော်ပြီး လှေကားအလိမ်တွေဖြင့်အပေါ်ထပ်တက်ရမည်။ လှေကား ရဲ့အောက်ခြေ ဘေးဘက်မှာတော့ Piano အ‌နက်ရောင် တစ်လုံးရှိသည်။  club ထဲက lighting က dancing floor နဲ့ အမိုးမှာ အပြာ၊အဖြူ ရောင်‌ေပြ‌ေပြလေးတွေ ပြေးလျှက်။ Club ကအသံ Bar ဆီမရောက်သလို Bar ကထွက်တဲ့ အသံတွေလဲ club မရောက်ပေ။ roof မှာတော့ တစ်ခြမ်းက သူတို့နေလို့ရအောင် မှန်တွေနဲ့ တည်ဆောက်ထားပြီး တစ်ဖက်က garden လုပ်ထားသည်။ Garden နဲ့ အခန်းကြားမှာ သစ်ပိုင်းစားပွဲနဲ့ထိုင်ခုံ‌ေတွရှိသည်။ သူတို့ အထဲအပြင်အဆင်၊ အရည်တွေနဲ့တခြားလိုအပ်တာတွေ တစ်ပတ်အတွင်းပြည့်အောင်ဖြည့်မှာဖြစ်သည်။ ဝန်ထမ်းတွေ, bartender တွေလဲ အဆင်သင့် ဖြစ်နေပြီ။ တစ်ပတ်အတွင်းသူတို့ရဲ့ ICE ON FIRE ကအသက်ဝင်တော့မည်။

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now