Part 7

59.7K 3.8K 132
                                    

Unicode

ညနေ ၄ နာရီ

ICE ON FIRE ထဲမှာ waiter ကောင်းလေးတွေနဲ့ သူတို့ ၄ ယောက် squad က ခြေလိမ်ရှုပ်နေသည်။ အားလုံးလဲ ပြင်ဆင်ပြီးသလောက် ဖြစ်နေပြီ။ club ပိုင်းမှာတော့ ice bucket တွေထားရှိပြီး ice bucket တွေထဲရေခဲနဲ့ပုလင်းတွေထည့်ထားပြီး LED Light တွေ On ထားသည်။ အရောင်ကတော့ သိတဲ့အတိုင်းပါပဲ ocean blue နဲ့ red fire တွေပါ။ Ice bucket ထဲမှာတော့ ဝိုင်၊ ရှန်ပိန်၊ ဘီယာ နဲ့ အရက် အမျိုးအစား အစုံအလင်ပါပဲ။ အရက်ထဲမှာတော့ Brandy, Gin, Whiskey, Vodka, Tequila, Rum, Vermouth, Cognac နဲ့ Arak တို့ရှိသည်။

အားလုံးပြင်ဆင်ပြီးချိန် ကိုထူးသစ် ကရောက်လာတော့ သူတို့ ကိုထူးသစ်ကို ထားခဲ့ပြီး roof မှာ ရေချိုး အဝတ်အစား လဲပြီး ခဏ အနားယူကြသည်။ ဝေလ ကတော့ ကိုထူးသစ်ရောက်နေတဲ့အတွက် အရင်ဆင်းသွားပြီ ဖြစ်သည်။ ဆံပင် တိုတိုလေးတွေဆိုတော့ မသိရင် ကတုံး,တုံးထားလို့ ပြန်ပေါက်နေသယောင်။ ဘေးနှစ်ဖက်ကတော့ အလည်ထက်ပိုပါးထားသည်။  မေးရိုးတွေက ထင်ထင်ရှားရှား။

လှေကားတွေက ဆင်းလာတဲ့ ဝေလ။ ဝေလ ကတော့ style pant fit size ခဲရောင်နဲ့ စပို့ရှပ် အဖြူလက်တို၊ shoe အသားရင့်ရောင်၊ ငွေ‌ေရာင် bracelet ချိန်းကွင်းတစ်ကွင်း နဲ့ ရောမဂဏန်းတွေခြစ်ထားတဲ့ အဟကွင်းကို ဘယ်လက်တစ်ဖက်ထဲမှာပဲဝတ်ထားသည်။ နားနှစ်ဖက် စိန်နားကပ် သုံးထောက်ချွန် ပုံက တစ်ဖြတ်ဖြတ်။ ထူးသစ်, ဒီကောင်လေး သူ့အနားကို မသိသလိုရော သိသလိုပါ ကပ်နေတာ သူသိတယ်။ ကောင်လေးက စိတ်ကစားနေလို့များလားဆိုပြီး မသိသလိုနေပေမယ့် အတည်ပေါက်ကြီးဖြစ်နေတာ။ ဒါဆို သူကရော ဘယ်သူ့အချစ်ကို မျှော်မှန်းနေတာလဲ!

"ကိုသစ်"
ဝေလက ရယ်ပြပြီး ထူးသစ်နား လာရပ်သည်။

"အင်း ညီ ဒီလိုလေး နေစမ်းပါ လုံးဝ smart"

"ကိုသစ် သဘောကျရင် ရပါပြီဗျာ"

ဝေလက အနှောက်အသွားမလွတ်စကား ဆိုလာတော့ ထူးသစ် မှာ ဖိန်းတိန်းရှိန်းတိန်း။ ထူးသစ်ဆီက ဘာစကားမှမပြန်ပဲမျက်နှာရဲနေတာတွေ့တော့ ဝေလက သဘောကျစွာပဲ စကားပြန်စလိုက်သည်။

"ဟိုကောင်က ပြီးမှ ဆင်းလာမှာ ကိုသစ်။ ဧည့်သည်တွေ နှုတ်ဆက်ရင် ကျွန်တော် ကိုသစ် ဘေးမှာနေပေးမယ်နော်"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now