Part 5

61.3K 4K 74
                                    

Unicode

Global Group ရဲ့ Luxury condo အရောင်းပြပွဲက အောင်မြင်တယ်‌ ပြောရမယ်။ တစ်ပတ်အတွင်း အကုန်နီးပါး ရောင်းထွက်ကုန်တယ်။ ကျန်တာက တစ်ခန်းစ နှစ်ခန်းစပဲ။

ဂျပန်စားသောက်ဆိုင်ရဲ့ VIP room မှာတော့ လူအိုကြီးတွေ စကားဝိုင်း ရှိနေပါသည်။ တခြားသူတွေတော့ မဟုတ် Yoe Yar Group ရဲ့ ဦးစေးနွန်၊ Global Group ရဲ့ ဦးဇေဝဏ္ဏ၊ ဦးအောင်သန်းလဲ ပါသလို ကျန်တဲ့ တခြား Group တွေရဲ့ ပဲ့ကိုင်ရှင်တွေပါ။ သူတို့ကတော့ ကျန်းမာရေး၊ စီးပွားရေး နဲ့ သားသမီးအ‌ေရးတွေ ချီးမွမ်းနေကြလေရဲ့။

ဦးစေးနွန်ကပဲ
"မောင်ဝဏ္ဏသားက တော်တာပဲကွ အသက်ငယ်သေးတယ်နော်"

"ဟုတ်ကဲ့ အန်ကယ် ၂၆ နှစ် ထဲမှာပါ။ လက်တော့အကုန်မလွှတ်ရသေးဘူး"

"ဘယ်လိုပဲ ဖြစ်ဖြစ် Group တစ်ခုလုံးကို စီမံနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုထဲက ပြောစရာတောင်မလိုဘူး"

"ချီးကျူး ပေးတာ ကျေးဇူးတင်ပါတယ် အန်ကယ်"

ဦးစေးနွန်ကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ဒီဝိုင်းမှာ သူက အသက်အကြီးဆုံးကို။ ကျန်တဲ့သူတွေကတော့ ဆုံးပါးသွားတဲ့သူ့သား သားစေးရာ, ဇယ့်ဖေဖေ နဲ့သက်တူရွယ်တူတွေ။ သားစေးရာကို တွေးမိတုန်း ဦးဇေဝဏ္ဏက

"အန်ကယ့်ကို တွေ့တော့ စေးရာ ကိုသတိရမိတယ် အန်ကယ်။ စေးရာ မှာ သားလေး တစ်ယောက်ကျန်ခဲ့တယ် မလား အန်ကယ်"

"ဟုတ်တယ် မောင်ဝဏ္ဏရေ အန်ကယ်လဲ မင်းတို့ကိုတွေ့ရင် သားကိုသတိရတယ်။ မြေးက ခပ်ဆိုးဆိုးလေး မောင်ဝဏ္ဏရေ။ အသက်က ၂၀ ထဲမှာလေ သိပ်မကြာခင်ပြည့်တော့မှာ"

"ဟုတ်လား အန်ကယ် ကျွန်တော်တွေ့တောင် မတွေ့ဘူး သလိုပဲ"

"ဘယ်တွေ့ဘူးပါ့မလဲ မြေးက ဒီလူအိုကြီးနား မကပ်ဘူးလေ ဟားဟား ကဲကဲစားကြ လူအိုကြီးစကားပဲ နားထောင်နေရတာ"

"ဘယ်ဟုတ်ပါ့မလဲ အန်ကယ် ဒီလိုအချိန်တွေ ကျွန်တော်တို့လဲ လိုအပ်ပါတယ်"

ဦးစေးနွန်နဲ့ ဦးဇေဝဏ္ဏက တကယ့်မိတ်ဆွေရင်းတွေပါပဲ။ လုပ်ငန်းတူ‌ေတွရှိပေမယ့် ပြိုင်ဆိုင်မှုတွေမပြု။ နှစ်ဦးနှစ်ဖက် အကြံပေးသင့်ပေး, အဲ့လိုဆက်ဆံရေးပါပဲ။ လူကြီးစကားဝိုင်းတွေမှာ ကိုယ့်လုပ်ငန်း သူ့လုပ်ငန်း အချင်းချင်း ဖလှယ်သူဖလှယ်၊ သူ့သား/သမီး ကိုယ့်သား/သမီး အကြောင်း တော်ကြောင်းတတ်ကြောင်း ဂုဏ်ယူပြောဆိုသူကဆိုနဲ့ စကားဝိုင်က တိတ်ဆိတ်မနေပေ။ စားသောက်ကြရင်း ရေချယ့် ဖေဖေ ဦးအောင်သန်းက

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now