Part 17

47.4K 2.7K 41
                                    

Unicode

အိမ်ကြီးရဲ့ meeting room ထဲမှာ ဦးစေးနွန်၊ ဦးနေမာန် နဲ့ ထူးသစ်တို့ရှိနေသည်။ သူတို့ဆွေးနွေးနေတာ အစစအရာရာ သတိထားဖို့၊ သွားတာလာတာ ဂရုစိုက်ဖို့။ ဦးနေမာန်ကတော့ ထူးသစ်ကို အိမ်အတွက်လုံခြုံ‌ရေး၊ ဦးစေးနွန် နဲ့ ဇယ့် အတွက်ရော ထူးသစ်အတွက်ပါ body guard စီစဉ်ဖို့ ညွှန်ကြားနေသည်။ ဦးစေးနွန် အိမ်မှာပဲနေနေ အပြင်ပဲ သွားသွား ဦးနေမာန်က ဘေးမှာ အမြဲရှိသည်။ ဇယ့်ကိုတော့ သူ့လိုကိုယ့်လို အဝေးကနေ ကာကွယ်ပေးဖို့ပဲ လုပ်ထား၏။ ဇယ်လဲ condo တွေမှာ လှည့်နေ‌,နေတာဖြစ်သည်။ သူသုံးချင်တဲ့ကားတွေကိုတော့ သူ့ကွန်ဒို ကားပါကင်မှာ လာထား,ထားပေးသည်။ ဇယ် အိမ်အဝင် အထွက် တွေကို တခြားသူတွေ သတိမထားမိတဲ့အချိန်တွေ ဝင်ထွက်နေတာဖြစ်၏။

>>>>>>>>>>

"ကိုဇေဝဏ္ဏ နဲ့အခုမှပဲ တွေ့ဖြစ်တော့တယ်"

"ဟုတ်ပါ့ဗျာ၊ ကျွန်တော်လဲ မအားတာနဲ့ပဲ။ ဒါနဲ့ အစ်ကိုရွေးကောက်ပွဲဝင်ပြိုင်မလို့ကြားတယ်၊ သတင်းကမှန်ရဲ့လားတောင်မသိဘူး"

"အမှန်ပဲဗျ။ ဖေဖေလဲ ရှိသေးတော့ ကျွန်တော့်ကို အကြံပေးလမ်းညွှန်နိုင်တယ်လေ"

"ကိုယ်စိတ်ပါရာ လုပ်ကြတာ ကောင်းပါတယ်။ ကျွန်တော်တို့တော့ အဲ့ဒိလိုင်းကို ထဲထဲဝင်ဝင်မသိတော့ ဘယ်လိုအကြံပေးရမလဲတောင်မသိပါဘူး"

"ဟုတ်ကဲ့ ကျွန်တော် အဲ့ဒါလေးလဲ ပြောချင်လို့ပြီး‌တော့ သားရေးသမီးရေးလေးလဲ ဆွေးနွေးချင်လို့ ကိုဇေဝဏ္ဏ"

"ဗျာ သားရေးသမီးရေး"

"ဟုတ်တယ် အစ်ကို။ အစ်ကို့သားနဲ့ကျွန်တော့သမီး စွဲခတ္တာ ကကြိုက်ခဲ့ဘူးတယ်တဲ့လေ။ ကျွန်တော်တို့ မိသားစုက foreign ထွက်သွားတော့သမီးလဲ လိုက်ခဲ့ရတာပေါ့။ လမ်းခွဲစကား ဘာညာတောင်မပြောဖြစ်ပဲ ကျွန်တော်ခေါ်ရာ လိုက်ခဲ့မိတာတဲ့ဗျာ။ အခုဒီပြန်ရောက်တော့ သမီးက မောင်ဇေကမ္ဘာယံကို တောင်းပန်ပြီး ပြန်တွဲချင်တယ်ဆိုပြီး ကျွန်တော့်ဆီ ခွင့်တောင်းတယ်လေ"

သူ့သမီး နိုင်ငံခြားမှာ အိမ်ထောင်ကျခဲ့တယ်ဆိုတာကိုတော့ ဒီလူက ချန်ထားခဲ့၏။

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now