Part 3

67.5K 4.1K 110
                                    

Unicode

ဦးစေးနွန် တစ်ယောက် စာကြည့်ခန်းထဲမှာ သူ့လူယုံ ထူးသစ် နဲ့ နှစ်ယောက်ထဲ တွေ့ဆုံပြီး ကိုထူးသစ်, က ကုမ္ပဏီ အခြေအနေတွေ တင်ပြနေသည်။ Yoe Yar Group ရဲ့ လုပ်ငန်းတွေက မြန်မာနိုင်ငံ နေရာအနှံမှာ နေရာယူထားသည်။ ဒေသအလိုက် ထွက်ကုန်တွေကို အရည်အသွေးပြည့်ဝအောင် ပြန်လည်ပြုပြင်ပြီး export လုပ်သည်။ Shopping Center, Construction, Tele Communication, Channel, သစ်လုပ်ငန်း စတဲ့လုပ်ငန်းတွေ အကုန် Yoe Yar ရဲ့ခြေလက်တွေပါပဲ။ ဒီကြားထဲ တစ်ကိုယ်ရေသုံး တွေနဲ့ပတ်သတ်ပြီး USA Brand, Korea Brand တွေရဲ့ Cosmetic, clothing, Shoe နဲ့ အစားအသောက်ပိုင်းဆိုင်ရာ တွေလဲ import လုပ်သည်။ ဒါကတော့ မြေးတော်မောင်အတွက် တင်သွင်းထားရသလိုပါပဲ။ နယ်ပယ်အသီးအသီးမှာရှိတဲ့ သူ့လူယုံတွေကစိတ်ချရတဲ့အတွက် အောက်ခြေထိ လိုက်စစ်ဆေးနေစရာမလို။ စစ်ဆေးစရာ လိုရင်လဲ မောင်ထူးသစ်က စိတ်ချရတဲ့ လူတစ်ယောက် ကိုယ်ဘာဖြစ်ချင်ဆိုတာ သူသိပြီး ပြောစရာ မလိုအောင် လုပ်ပေးသည်။

"အန်ကယ် Global Group ကဖိတ်စာ ရောက်လာတယ်။ Luxury condo အရောင်းပြပွဲအတွက် ဖိတ်တာ အန်ကယ်။ ပြီးခဲ့တဲ့နှစ်‌ေတွက တင်ဒါနိုင်ထားတဲ့ မြေဧက ၂၀ မှာ Construction Project ကအခုပြမယ့် Luxury Condominium တွေပါ"

"အင်း မောင်ထူးသစ် Global Group ဆိုလို့ Global က မောင်ဇေဝဏ္ဏပဲမလား"

"ဟုတ်ကဲ့ အန်ကယ် ဦးဝဏ္ဏကတော့ တစ်ခါတစ်ရံပဲ တွေ့ရပါတယ်။ သူ့သား ဇေကမ္ဘာယံ, ကအခု အားလုံးကို တာဝန်ယူ ကိုင်တွယ်နေတာပါ"

"အော် မောင်ဝဏ္ဏ သားက စီးပွားရေးလုပ်တဲ့ အရွယ်တောင် ရောက်နေပြီလား။ မတွေ့တာတောင် တော်တော်ကြာနေပြီပဲ"

"ဟုတ်ကဲ့ အန်ကယ် ဇေကမ္ဘာယံ, က ၂၅ ဝန်းကျင်လောက်ရှိပြီ။ တစ်ရက်လောက် မိတ်ဆွေဟောင်းတွေ တွေ့စုံပွဲ စီစဉ်ပေးရမလား အန်ကယ်"

"ကောင်းတယ် ကောင်းတယ် စီစဉ်လိုက်၊ လူအိုကြီးတွေ စကားဝိုင်းပေါ့ကွာ ဟားဟား"

ဦးစေးနွန်က သူ့ကိုယ်သူ လူအိုကြီးလို့ သုံးနှုန်းပြီး သဘောတကျကျ ရယ်နေလေသည်။ ထူးသစ်လဲ လိုက်ရယ်ရင်း

"ဒါနဲ့ ဇယ်လေး ကိုတောင် အခုတလော မတွေ့မိဘူး အန်ကယ်"

"အေး သူ့သူငယ်ချင်း ဝေလနဲ့ အပမ်းဖြေအုန်းမယ်ဆိုပြီး ထွက်သွားတာပဲကွာ။ မြေးတို့က အလုပ်အကိုင်နဲ့ဆိုတော့ စိတ်ဖိစီးနေတယ် ထင်ပါ့ မောင်ထူးသစ်ရေ။ မြေးကိုလဲ မောင်ထူးသစ် လက်အပ်ရအုန်းမယ်။ ကိုယ့်လုပ်ငန်းတွေ ကိုယ်သိထားဖို့လိုတယ်လေ"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now