Part 25

51.1K 2.8K 65
                                    

Unicode

ကမ္ဘာ အိပ်ယာနိုးတော့ အချိန်က နေ့လည် ၁ နာရီ ရှိနေပြီဖြစ်၏။ ရင်ခွင်ထဲ ထည့်ဖက်ထားတဲ့ ဇယ်က သူ့ဘက်လှည့်ပြီး သူဖက်ထားသည့်အတိုင်း ငြိမ်သက်စွာ အိပ်နေ၏။ စောင်ထဲက ခန္ဓာကိုယ်တွေက အသားချင်းရောယှက်ရင်း ပူးကပ်နေသည်။ စောင်ပေါ်,ပေါ်နေသည့် ဇယ့်ခေါင်းလေးအား နမ်းရင်း မျက်နှာတွေထိလိုက်တော့ အသားတွေက ပူနေသလို။ ကမ္ဘာ မျက်တောင်တွေ တဖြတ်ဖြတ်ခတ်ရင်း စိတ်ပူသွား၏။ စောင်ကို ခါးအထိ ဆွဲချလိုက်ပြီး ဇယ့်မျက်နှာကို ဆွဲယူကြည့်လိုက်တော့ မျက်နှာတွေက ရဲနေ၏။ သူ့ပါးနဲ့ ဇယ့်ပါးတွေ နဖူးတွေ ကပ်ကြည့်တော့ တကယ် ကိုယ်ပူနေတာ။ ကမ္ဘာ လန့်သွားပြီး ရင်ခွင်ထဲက ဇယ်ကို ကြည့်ရင်း ဘာလုပ်ရမှန်းမသိ ပြာယာခက်နေ၏။ ကမ္ဘာ အခုချိန်မှာ သတိရသွားတာက ကိုဂျွန်၊ ကိုဂျွန်က ဒီလိုကိစ္စတွေ သိလောက်သည်ဟု သူထင်သည်။ သူဇယ့်အား ဖတ်ထားရင်း ဇယ့်ဟိုးဘက်မှာ ရှိတဲ့ သူ့ဖုန်းကို လှန်းယူ၏။ သူလှုပ်လိုက်တော့ သူ့ရင်ခွင်ထဲက ဇယ်က

"အင့်! အင်း! ဟင့်!"

ဇယ့်မျက်နှာက ရှုံ့မဲ့ပြီး အသံထွက်လာ၏။

"ကျွတ် ~ကျွတ်~ ကျွတ်.."

သူပြန်ဖက်ပြီး ချော့သိပ်ရ၏။ သူဖုန်းဖွင့်လိုက်တော့ ဖုန်းခေါ်ထားတာ ဖေဖေရော မေမေရောပါ၏။ ခန့်သော်ကတော့ ဒီမနက်မှ ခေါ်ထားတာ ဖြစ်သည်။ သူကိုဂျွန့်ဆီ အရင်ဖုန်းခေါ်လိုက်၏။

"ဟလို ကိုဂျွန် ကျွန်တော် ဇေကမ္ဘာယံပါ"

(အင်း ကိုကမ္ဘာ online မှာသတင်းတွေ တွေ့ပါ့ဗျာ)

"အာ ဟုတ်ကဲ့၊ ဟို ကျွန်တော် အကူအညီ တောင်းချင်လို့"

(‌ဟုတ်ကဲ့ ဘာကူညီရမလဲ ကိုကမ္ဘာ)

"ဟို..ဟိုလေ အမ်..ရိုးဖျားသွားလို့ ဘာလုပ်ပေးရမလဲ သိချင်လို့"

(ခင်ဗျာ ဇယ်စေးရိုးလား ဖျားတာက သူအခု ကိုကမ္ဘာနဲ့အတူရှိနေတာလား ကျွန်တော် သိပ်မရှင်းလို့)

"ဟို ကျွန်တော် ညက နဲနဲများသွားတယ်ထင်တယ် အဲ့ဒါကြောင့်"

(ဟမ်...)

ကိုဂျွန့်ဘက်က အသံတိတ်သွားပြီ ခဏနေမှ

(ဟာ! နေတာ များသွားတာကို ပြောတာလား)

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now