Part 18

52.3K 2.9K 58
                                    

Unicode

(Warning !!)

ကမ္ဘာ ရုံးဆင်းဖို့ကို တတ်ကြွနေ၏။ အိမ်မပြန်ပဲ သူ့ရဲ့ "ရိုး" အခန်းရှေ့က ကွန်ဒိုအခန်းကို ပြန်မှာ ဖြစ်သည်။ ပြီးမှ နှစ်ယောက်အတူ အပြင်ပြန်ထွက်မှာ ဖြစ်ပြီး သူဒီမှာ နေတာကို သူ့ကောင်လေး အံ့ဩသွားအောင် လုပ်ဖို့အစီအစဉ်လဲရှိ၏။ သူ့ကောင်လေးကို ထွက်လာဖို့ အကြောင်းကြားပြီး အခန်းရှေ့မှာ သွားစောင့်နေ လိုက်၏။

ချပ်

"ဟင်! ဘဲကြီး...ဟာကွာ ရုတ်တရက်ကြီး"

အခန်းရှေ့ ပြုံးပြုံးကြီးရပ်နေသူကိုတွေ့တော့ ဇယ်, ကမ္ဘာ့ လည်ပင်းကနေ သိုင်းဖက်လိုက်တော့ ကမ္ဘာက ဇယ့်ခါးအား တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားသည်။ ဇယ်က ဖက်နေရင်းနဲ့ ခေါင်းလေးခွာပြီး ဆွဲဆောင်တဲ့ အကြည့်တွေနဲ့

"Booking လုပ်ထားတာ ဖျက်လိုက်ပြီး အခန်းထဲဝင်ကြရင် ကောင်းမလား....ရှူး..."

ပြောပြီး ကမ္ဘာ့ပါးကို နစ်ဝင်အောင်နမ်းလိုက်တာဖြစ်သည်။ ကမ္ဘာ့ရင်ထဲမှာတော့ ဆောက်တည်ရာမရတော့ဘူးဖြစ်နေ၏။ သူ့အစီအစဉ်က ပြည့်လျှံနဲ့တရားဝင် မိတ်ဆက်ပေးပြီး ပြန်လာရင် ဒီည သူ့အခန်းမှာ ကုန်ဆုံးဖို့ဖြစ်သည်။ ဒီလိုသာ သူ့ကောင်လေးလုပ်နေလို့ကတော့ ဆိုင်မရောက်ပဲ ဒီနေရာ မှာတင် တစ်ခုခု ဖြစ်တော့မှာသေချာနေပြီ။

"ပြွတ်"
ကမ္ဘာ ဇယ့်နှုတ်ခမ်း တစ်စုံအား နမ်းလိုက်ရင်း

"Booking လဲမဖျက်ဘူး။ တစ်ညလုံးလဲ အတူတူကုန်ဆုံးမယ်လေ"

"ဟား...!ရူးတော့မှာပဲ ဘဲကြီးရာ။ တော်ရုံ‌ပဲ ခြွေစမ်းပါ ဒီကောင်ကို၊ မြန်မြန်သွားပြီး မြန်မြန်ပြန်လာပြီး ပျော်ရအောင်"

သူတို့ ပြည့်လျှံဆိုင်ကိုတော့ ကမ္ဘာ့ကားနဲ့သွားတာဖြစ်၏။ ဆိုင်ဝင်ထဲက ပြည့်လျှံမှာထားလို့ထင်သည် ဝန်ထမ်းလေးတွေက ကမ္ဘာ့မှတ်မိတော့ သူတို့ကို သီးသန့်ခန်းထဲလိုက်ပို့၏။ ဒီလို လူရှုပ်တဲ့နေရာမှာတော့ လူတွေလိုတာထက်ပိုပြီးပြောလို့မရအောင် သူတို့အနေအထိုင် ဆင်ခြင်၏။ လိုချင်တဲ့အသားတွေ အသီအရွက်တွေရွေးတော့လဲ ဝန်ထမ်းလေးတွေက သယ်ပေးသည်။ ဇယ်က ကမ္ဘာစားဖို့အတွက် အစစအရာရာ ပြင်ပေး၏။ အသားလွှာထည့် ပင်လယ်စာထည့် ပြီးမှ အရွက်ထည့်ပေးသည်။ သူ့အတွက်လဲ သူကိုယ်တိုင်လုပ်၏။ ကမ္ဘာကတော့ သူ့ကောင်လေး ဒီလိုအရာတွေမှာ ကျွမ်းကျင်တာသိပြီး သူ့ကောင်လေးစိတ်တိုင်းကျ နေပေး၏။ သူ့မျက်လုံးရှေ့မှာ လှုပ်ရှားနေတဲ့ သူ့ကောင်လေးကို ထိုင်‌ကြည့်နေရတာ မဝ။ လှုပ်ရှားနေတဲ့ ဇယ်ရဲ့ လက်ကိုဆွဲယူပြီး သူ့ဘက်ဆွဲခေါ်ပြီး ပေါင်ပေါ်ထိုင်ခိုင်း၏။ခါးကိုဖတ်ပြီး ဇယ့်ရင်ဘတ်တွေကို တရှုံ့ရှုံ့နမ်းနေသော ကမ္ဘာ့ကို ကြည့်ပြီး ဇယ်အသဲယားလာ၏။ ဇယ်, ကမ္ဘာ့ မျက်နှာ ဆွဲယူမော့စေပြီး နှုတ်ခမ်းတွေကို စွဲစုပ်သည်။ အနမ်းတွေက ကြာရှည်လာတော့ မောဟိုက်လာ၏။

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now