Part 22

46.7K 2.8K 81
                                    

Unicode

(Warning !)

ဇယ်, ဟိုရက်က ဖြစ်ပျက်သွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကမ္ဘာ့ကိုတော့ ဘာမှပြန်မပြောဖြစ်။ သူအေးအေးဆေးဆေး စဉ်းစားဖို့လိုတယ် ဒီလိုလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲ။ သူဖိုးဖိုးကို ဖုန်းဆက်မှ ဖြစ်တော့မည်။

(ငါ့မြေးက အထူးအဆန်း ဖုန်းတွေဆက်လို့)

"ဖိုးဖိုး, ဖိုးဖိုး လူတွေ foreign မှာ ရှိသေးတယ်မလား"

(ရှိတာပေါ့ မြေးက ဘာလုပ်ချင်လို့လဲ)

"စွဲခတ္တာ အကြောင်း အသေးစိတ် အကုန်သိချင်တယ်၊ သူတို့ မိသားစု foreign ထွက်သွားပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ အကုန်သိချင်တယ်"

ဦးစေးနွန်ကတော့ စွဲခတ္တာ ဆိုတဲ့ နာမည်ကြားထဲက သူသိလိုက်ပြီ ဒါဘယ်သူ့သမီးလဲဆိုတာ။ ဒီကလေးမ ကိုယ့်ပါကိုယ်မ‌နေဘူး မြေးကို ဘာသွားလုပ်လဲမသိပါဘူး ဟူ၍ စိတ်ကတစ်ဆက်ထဲ တွေးမိလိုက်ပြီ။ မြေးက သူနဲ့ထိပ်တိုက်တွေ့မှ စိတ်ဝင်စားတာ ထိပ်တိုက်မတွေ့မချင်းကတော့ ဘာမှလုပ်မှာမဟုတ်။

(ဟုတ်ပြီ ဖိုးဖိုး စုံစမ်းခိုင်းလိုက်မယ် ဒါနဲ့မြေးရော အဆင်ပြေရဲ့လား ကျန်တာဘာသိချင်သေးလဲ)

"ဘယ်လောက်ကြာမှာလဲ ဖိုးဖိုး"

(မြန်ပါတယ် ၁ပတ် ၁၀ရက်ပေါ့)

"သူ့ဖေဖေက အခုဖိုးဖိုးထောက်ပံ့ပေးတဲ့သူရဲ့ ဆန်ကျင့်ဘက်ပါတီကမလား ဖိုးဖိုး"

(ဟုတ်တယ်မြေး)

"သူတို့ကို ဖြုတ်ချချင်တယ်, အကုန်စီးပွားရေးကအစ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုအရာအာလုံး သိချင်တယ် ဖိုးဖိုး၊ သားသီးခံနိုင်တဲ့ အတိုင်းအတာ ကျော်လာရင်တော့ အကုန်ရိုက်ချပစ်မယ်"

(ဟုတ်ပြီ မြေးဖြစ်ချင်တာ အားလုံးဖြစ်ရမယ် မြေးအဆင်‌ပြေရဲ့လား)

"ဦးစေးနွန်မြေး ဇယ်စေးရိုး ပဲ ဒီလောက်ကတော့ အေးဆေး၊ ဒါနဲ့ ကိုထူးသစ်က ဖလမ်း မှာပဲလားဖိုး"

(ဟုတ်တယ်မြေး)

"သား အဲ့ဒိကို ဖိုးဖိုး စုံစမ်းမယ့် ၁ပတ် ၁၀ရက်လောက် သွားနေချင်တယ်"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now