Part 24

52.6K 2.9K 221
                                    

Unicode

(Warning !!)

ဇယ်, ဖလမ်းရောက်နေတာ ၁ ပတ်လောက်ရှိပြီဖြစ်သည်။ သူလိုချင်တဲ့ treehouse ကလဲ ရုပ်လုံးထွက်လာပြီ ဖြစ်၏။ အပင်အကြီးနဲ့အပင်သေးကြားဘက်ကို တစ်ဝက်လောက်ထိလျှောက်လမ်းယူပြီး ကျန်တစ်ဝက်ကနေ အပင်ကြီးတစ်ဝက်ကျော် ကိုင်းတွေကို ငုံပြီး အိပ်ဆောင်လုပ်ထားသည်။ ကျန်တစ်ဝက်နီးပါးကိုတော့ ဒီအတိုင်းခင်းထားပြီး လက်ရန်းတွေကာထား၏။ အထဲအိပ်ယာထည့်ဖို့နဲ့ အပြင်မှာ ပြင်ဆင်ဖို့တော့ ဘာမှ မလုပ်ရသေး။ သူမပြန်ခင် အိပ်ယာထည့်ဖို့ အကျယ်အဝန်းရော ကျန်တဲ့လိုတာလေးတွေ လုပ်ဖို့ရော သူသေချာကြည့်သွားပြီးမှ ဟိုကနေဝယ်ပြီး ပို့လိုက်မှာ ဖြစ်၏။

Buzz~ Buzz ~Buzz

"အေး ဝေကြီး"

(မင်း ဘယ်တော့ပြန်လာမှာလဲ မပြန်လာလဲ သူများလက်ထဲသာထည့်ပေးလိုက်တော့)

"ဘာဖြစ်လို့လဲ သေချာပြောအုန်းလေ"

(ဟိုက သူ့အမေနဲ့ပေါင်းပြီး မင်းဘဲကြီး ရုံးထဲဝင်‌ထွက်နေတာ နေ့စဉ်ရက်ဆက်ပဲ ကိုကမ္ဘာကို ကြောက်လို့သာ ဘယ်သူမှ ပေါ်တင်မပြောတာ အချင်းချင်း ခိုးပြောနေတာ ရစရာကိုမရှိဘူး အခုပဲယူတော့မလိုလို)

"ဟက်! မယူပါဘူးကွာ ငါ့ဘဲကြီးနဲ့ငါ တစ်ခါတစ်လေတော့ အဆက်အသွယ်ရှိပါတယ်၊ ယူတော့မယ်လုပ်နေတယ်၊ မယူခင် တစ်ကိုယ်လုံးချွတ်ပြတောင် ဟိုကထောင်လာပါစေအုန်း"

(စောက်ရှက်မရှိဘူး သူတောင်းစား မင်းပြန်မလာလဲနေ ငါလိုက်မကြည့်နိုင်တော့ဘူး စေတနာကိုမရှိဘူး)

"လာမှာပေါ့ အချိန်ကိုက်ဖြစ်ဖို့လိုတယ်လေ ဒါနဲ့နေ့တိုင်းသွားတာပေါ့ သူတို့က ငါ့ဘဲကြီးဆီ"

(အေး)

"အေးကွာ နောက်တစ်ရက်နှစ်ရက်နေ ပြန်ခဲ့မယ်"

ဇယ်ဖုန်းပြောပြီးတော့ ထူးသစ်က သူ့ treehouse ပေါ်တက်လာ၏။

"ဇယ်လေးဖိုးဖိုးက ပြန်လာလို့ရပြီတဲ့၊ ဇယ်လေးသိချင်တာ မေးလ်ထဲ အကုန်ပို့ထားပေးတယ်ပြောတယ်"

"အင်း ကျွန်တော် မနက်ဖြန်တော့နေအုန်းမယ် သဘက်ခါမှ ပြန်မယ်၊ ကိုထူးသစ်ရော ဘယ်လောက်ကြာအုန်းမလဲ"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now