Part 29

46.1K 2.9K 80
                                    

Unicode

ကမ္ဘာ့ရဲ့လှုပ်ရှားမှုတွေက စက်ရုပ်လိုပါပဲ။ တစ်ပတ်တစ်ခါ ခန့်သော်က သူ့ဆီလာပြီး လက်မှတ်ယူသည် ပြီးတာနဲ့ အခန်းထဲ ရှင်းပေးရသည်။ ခန့်သော်, သူ့ Boss ကြည့်ရင်း ဘာပြောလို့‌ပြောရမှန်းမသိ။ အခန်းထဲမှာ အရက်၊ ဘီယာကို ပုလင်းလိုက်ကိုင်‌နေတာဖြစ်သည်။ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေလဲရှည်နေပြီး အခန်းထဲ ဝင်လိုက်တာနဲ့ အနံ့တွေက ချဉ်စုတ်နေ၏။ စားဖို့သောက်ဖို့ ရေချယ်နဲ့နှစ်ယောက် တိုင်ပင်ပြီး စီစဉ်ပေးလဲ မစားပဲ သောက်ပဲသောက်နေ၏။  ကိုပြည့်လျှံတို့ မမေမီတို့ လာပြီးပြောဆိုမှ တစ်လုပ်စနှစ်လုပ်လောက်စ စား၏။ အလုပ်အတွက် လိုတဲ့ လက်မှတ်ကိုတော့ အကြည်တသာ ထိုးပေးသည်။ ဦးဇေဝဏ္ဏ လဲ သားကိုဘယ်လိုဖြေသိမ့်ပေးရမလဲ မသိတော့။ သားမေမေကတော့ တငိုငို တရယ်ရယ်နဲ့။အခုတော့ သားက သူတို့ကို လုံးဝ အဆက်အသွယ်လဲမလုပ် အတွေ့လဲမခံ။ ကွန်ဒိုမှာနေတာသိရပြီး ဇယ်စေးရိုး အခန်းမှာပဲ‌နေ,နေသည်တဲ့။ Global မှာလဲ ကမ္ဘာမရှိတော့ သူနဲ့ဇယ့်အကြောင်းကို တစ်ခွန်းစနှစ်ခွန်းစ ပြောဆိုနေကြသည်။ အရမ်းအရေးကြီးကိစ္စရှိလို့ လူကိုယ်တိုင် တွေ့မှ ဖြစ်မယ်ဆိုရင်တော့ ရုံးလာ၏။ အဝတ်ကိုတော့သပ်သပ်ရပ်ရပ် ဝတ်ပြီး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေလဲ မရိတ်၊ ဆံပင်လဲ ပုံမသွင်း အဲ့အတိုင်းလာတာဖြစ်သည်။ ကမ္ဘာ့ပုံကြည့်လိုက်တာနဲ့ အေးစက်စက်ဖြစ်သွားသလို ပိုကြောက်ဖို့ကောင်းလာ၏။ သူလာတဲ့နေ့နဲ့ သူနဲ့ဇယ့်အကြောင်းပြောနေတာ ဖြစ်ဖြစ်၊ အလုပ်ကိစ္စ အမှားလုပ်တာ ဖြစ်ဖြစ် ကြုံလိုက်တဲ့သူကတော့ ကြိုတင်ပြီး သာဓု ခေါ်ထားဖို့တော့လိုသည်။

>>>>>>>>>>>

"ဖိုးဖိုး ဘယ်မှာလဲ ထွက်ခဲ့ ကျွန်တော့်ကို နဲနဲ ရှင်းပြသင့်တယ်မထင်ဘူးလား"

ဦးစေးနွန် အိမ်မှာ ဝေလ သောင်းကျန်း နေတာဖြစ်သည်။ ဦးစေးနွန် အခန်းက ထွက်လာပြီး

"မြေး ဝေလ ဘာဖြစ်လာတာလဲ"

"ဖိုးဖိုးပြော ဘယ်မှာလဲ ငဇယ်၊ ကျွန်တော် သူ့အခန်းသွားကြည့်ပြီးပြီ မတွေ့ဘူး"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now