Part 14

53.7K 3.2K 52
                                    

Unicode

အခုတော့ ICE ON FIRE ရဲ့ owner ၃ ယောက်က partner ကိုယ်စီနဲ့ပေါ့။ သူတို့တွေအကုန်လုံး Saturday night လိုမျိုး ချိန်းပြီး ICE မှာပဲ တွေ့ဖြစ်ကြတာများတယ်။

ဦးစေးနွန် တစ်ယောက် သူတို့အိမ်ကြီးရဲ့ အခန်းကျယ်တစ်ခန်းကို Meeting room လုပ်ထားပြီး အဲ့ထဲမှာ လူကြီးပိုင်းတွေနဲ့စကားလက်စုံကျနေတာဖြစ်သည်။ တနည်းပြောရရင် နိုင်ငံရေးပိုင်းဆိုင်ရာ ခေါင်းကြီးတွေနဲ့ပေါ့။ သမ္မတ အသစ်တတ်ဖို့လုပ်တိုင်း အဖိုးကြီးရဲ့ ထောက်ခံမှုကို ရယူလိုကြတယ်၏။ ဒါက အဖိုးကြီး ဦးစေးနွန် ဘယ်လောက်အရေးပါ အရာရောက်လဲ ဆိုတာ ပြသနေတာပါပဲ။ ဇယ်‌စေးရိုး ကတော့ အဲ့တာမျိုးမကြိုက် ကင်းကင်းရှင်းရှင်းနေသည်။ ကိုယ်လဲ သူတို့နဲ့ပတ်သတ်ဆက်နွယ်ပြီး မလွတ်မကင်း ရယူထားတဲ့ လုပ်ငန်းလဲမရှိ။ သူတို့ရောက်နေတယ် ဆိုထဲက ဇယ် တို့က အခန်းထဲကမထွက် ဒီအိမ်မှာ အဖိုးကြီး အပြင်နောက်ထပ်သွေးသားရင်းချာ လူရှိသေးတယ်ဆိုတဲ့ အရိပ်အယောင်တောင်မပြ။ အခုလဲ မနက်ထဲကရောက်နေတာ ဖိုးဖိုးကနေ့လည်စာပါ ဧည့်ခံကျွေးမွေးထားသည်။ ကိုယ့်အတွက်တော့ မပူရ အလုပ်သမားတွေက အခန်းထဲထိ ပို့ပေးသည်။

အခုလဲ ညနေ ၄ နာရီ ရှိနေပြီ အခုထိ မပြန်ကြသေးတော့ ဇယ် စိတ်ရှုပ်လာရသည်။ စိတ်ရှုပ်ခံပြီး သူတို့မတွေ့အောင်နေ,နေတာလို့ပြောအုန်းမယ်။ သူတို့တွေ ကိုယ့်မြင်တွေ့သွားရင် attention က ကိုယ့်ဆီ စုပြုံလာတော့မယ်။
အခုတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူး သူ့အခန်း ဝရန်တာ က လှေကားလိမ်လေးကနေ ဆင်းပြီး နောက်ဘက် ရေကူးကန်ဆီကို ထွက်ခဲ့တော့တယ်။ အပေါ်ပိုင်း ဗလာနဲ့ ‌short boxer တစ်ထည်ပဲဝတ်ပြီး ခါးမှာတော့ သဘက် တစ်ထည်ပတ်ထားလျှက်။ ရေကူးကန်ဆီ ရောက်တာနဲ့ သဘက်ချွတ်ပြီး ရေထဲဆင်းစိမ်လိုက်သည်။ သိပ်မကြာဘူး ‌အလုပ်သမား ကောင်လေးတစ်ယောက် က ဘန်ဂလို အပြင်ဘက်အမိုးအောက်မှာ vodka နဲ့အမြည်း လာပြင်ပေးပြီး ပြန်သွား၏။ ဇယ်ကတော့ အိမ်မကြီးကို ကျောခိုင်းပြီး လက်တွေ ရေကူးကန်ဘောင်ပေါ်တင်လျှက် ရေစိမ်နေသည်။

"အန်ကယ် ကျန်းမာပါစေ ကျွန်တော်တို့ ပြန်လိုက်အုန်းမယ် ကျွန်တော်တို့ဘက်က ကူညီလို့ရတဲ့ လုပ်ငန်းပိုင်းတွေရှိရင်လဲ အားမနာတမ်းပြောပါ အန်ကယ်"

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now