Part 12

57.9K 3.2K 58
                                    

Unicode

(Warning !)

ထူးသစ် အိမ်ပြန် ရေချိုးပြီး ဂျင်းနဲ့ t shirt ပဲ လူငယ်ဆန်ဆန် ဝတ်လိုက်တယ်။ အလုပ်တွေတော့ အကုန်ဖြတ်ခဲ့ပြီ မဖြတ်လို့လဲ မရ ‌ဇယ်တို့ဝေလ တို့နဲ့ တွေ့ရင် ချက်ချင်းပြန်လို့ရမှာ မဟုတ်။ ဝေလ ဆိုလို့ သူရင်တုန်နေတယ်။ ဒီကောင်လေးက သူ့ကို ချစ်ကြောင်းကြိုက်ကြောင်း ပြောထားပြီး အဖြေလဲ ပြန်တောင်းထားသေးတယ်။ သူ ဒီအတောအတွင်း ကွေ့ပတ်ရှောင်နေပေမယ့် ဒီအကြောင်းကို မစဉ်းစားဖြစ်တာတော့ မဟုတ်။ သူ့ခံစားချက်ကို သူပြန် ဆန်းစစ်နေရတာ။ ဇယ်လေး ကို သဘောကျနေတာလား? ဒါဆို ဝေလ ရဲ့မထိခလုတ်ထိခလုတ်ပြောတဲ့ စကားတွေကျတော့ သူဘာလို့ ရင်ခုန်ပြီး ပူထူနေရတာလဲ။ အသေအချာ စဉ်းစား ကြည့်တော့ ၅၂၈ နဲ့ ၁၅၀၀ ကွာသလိုပဲ။ ဇယ်လေးကျတော့ အတွင်းရေးပါအကုန်လုပ်ပေးနေရတော့ သံဃောဇဉ်တွယ်နေတာက ညီလေး တစ်ယောက်လို အဲ့ဒါဆို ဝေလ ကျတော့ရော! သူပြင်ဆင်ပြီး ကိုဂျွန်တို့ နေတဲ့ ကွန်ဒိုဆီ မောင်းခဲ့လိုက်တယ်။ အောက်ရောက်တာနဲ့ ဇယ့်ဆီ ဖုန်းဆက်ပြီး ဆင်းခဲ့ဖို့ ခေါ်ရတော့တယ်။

ကမ္ဘာ, ကားထဲမှာထိုင်နေရင်း ကားတစ်စီး ထိုးရပ်တာတွေ့‌လိုက်သည်။ ကြည့်လိုက်တော့ ကားပေါ်ကဆင်းလာသူက ကိုထူးသစ်။ ဒါဆို သေချာနေပါပြီ ကိုယ့်ကောင်လေး ဒီမှာရှိတာ။ သိပ်မကြာဘူး ကွန်ဒိုထဲက ထွက်လာတဲ့ ၂ယောက်။ တစ်ယောက်ကတော့ သေချာတယ် ဝေလ ပါပဲ။ နောက်တစ်ယောက်က all black နဲ့ လျှာဦးထုတ်လဲ အနက် shoe တစ်ခုပဲ အဖြူ။ မျက်နှာမမြင်ရပေမယ့် ပုံရိပ်လေး မြင်ရုံနဲ့ သူဘယ်သူမှန်း ကမ္ဘာသိသည်။ မျက်နှာမှာလဲ အလိုလို ပြုံးမိသွားပြီး ရင်ထဲမှာလဲ လှိုက်တတ်လာသည်။ ကိုယ်နဲ့သူနဲ့ မတွေ့တာ ဘယ်နှရက်ရှိပြီလဲ၊ ကိုယ်ဘယ်လောက် လွမ်းနေရလဲ။ ကိုယ့်အဆိုးလေးကို ကျေနပ်အောင် တောင်းပန်ပြီး အလွမ်းသယ်ရအုန်းမယ်။ သူကြည့်နေတုန်းမှာပဲ ဝေလက ကိုထူးသစ်ကားပေါ်တတ်သွားပြီး ဇယ်က နောက်ကား တစ်စီးကို မောင်းထွက်သွားသည်။ ကမ္ဘာ, ဇယ့်ကားနောက် ဖြည်းဖြည်းမှန်မှန်လိုက်ခဲ့လိုက်ပြီး ခန့်သော်ကိုတော့ ပြန်လွှတ်လိုက်ပြီ။

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now