Part 13

56.2K 3.2K 91
                                    

Unicode

ကမ္ဘာ, မနက်လင်းလို့ မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ဇယ်က သူ့ဘေးမှာ အိပ်နေတုန်း။ သူ ဇယ့်ဘက်စောင့်ပြီး ခေါင်းကို လက်နဲ့‌ထောက်ရင်း ဇယ့်ကို ကြည့်မိတယ်။ !ကိုယ်ထင်တာမမှားဘူးဆိုရင် မင်းက Yoe Yar Group နဲ့ပတ်သတ်ရမယ်၊ ဒါပေမယ့် ကိုယ်တရားသေမမှန်းရဲဘူး၊ ကိုယ်သိတဲ့အသိတွေက တိုက်ဆိုင်မှုတစ်ခုလား? တကယ်ပဲ ကိုယ့်ရဲ့"ရိုး"က Yoe Yar ရဲ့မြေးလား?, ကိုယ်မင်းအကြောင်းတွေ ဘာမှသေသေချာချာ မသိရပေမယ့် ကိုယ်မင်းကို နင့်နေအောင်ချစ်မိနေတာပါပဲ!။

ဇယ်ရဲ့ ဂုတ်လောက်ဆံပင်တွေက လမ်းသရဲမဆန်ပဲ အမြင်မလွှဲနိုင်အောင်ကြည့်လို့ကောင်းတယ်။ ကမ္ဘာ တွေးရင်း ကြည့်ရင်း ဇယ့်ဆံပင်လေးတွေကို သပ်ပေးနေမိတယ်။ နှစ်ယောက်လုံးက bathrobe နဲ့ပဲ။ အိပ်နေသူရဲ့ bathrobe က ဟနေတော့ လည်တိုင်တွေ ညှပ်ရိုးနဲ့ ရင်ဘက်တွေက အတိုင်းသား။ ညက ရေချိုးခန်းထဲမှာ ဖြေလျော့ရင်း ကိုယ်ဆွဲငုံစုတ်ထားတဲ့ သူ့ရင်ဘတ်က အညိုရောင်အကွင်းလိုက်က အတိုင်းသား။ ကိုယ်လုပ်ထားတဲ့ အမှတ်အသားကြည့်ပြီး ပြုံးမိတာအခါခါ။ ကမ္ဘာ bathrobe ကိုစိ‌ပေးရင်း လက်က အလိုလိုရင်း နှာတံလေးကို ဖွဖွလေး တို့ထိလိုက် မျက်ခုံးလေးထိလိုက် ဖောင်းနေတဲ့မျက်ခွံလေးထိလိုက်နဲ့ နောက်ဆုံးနှုတ်ခမ်းကို ထိမိတော့ စိတ်အစဉ်မှာမရိုးမယွ။ ဇယ့်ရဲ့ အစိတ်အပိုင်းတွေနဲ့ထိမိတိုင်း သူ့ကိုမရိုးမယွဖြစ်စေတာ။ ဇယ့်နှုတ်ခမ်းတွေကို လက်နဲ့ပွတ်လိုက်ရင်း စိတ်ကထိန်းချုပ်မထားနိုင်တော့။ ဇယ့်ပေါ် ခေါင်းလေ ငုံ့မိုးရင်း အိပ်နေသူရဲ့ နှုတ်ခမ်းကို ဖိကပ်နမ်းပြီး အောက်နှုတ်ခမ်းလေးကို ဆွဲစုတ်လိုက်တော့

"ပြွတ်စ်"

"အင်း...!"

အိပ်နေသူဆီက အသံထွက်လာတော့တယ်။

"ရှူး...!"

ပါးကို နစ်ဝင်အောင် နမ်းလိုက်တော့ အိပ်နေသူက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ကမ္ဘာ့ဘက် လှည့်ကာ မပွင့်တပွင့်မျက်လုံးတွေနဲ့ ဖွင့်ကြည့်‌တော့ တယ်။ ပြီးတာနဲ့ စောင်းနေတဲ့ ကမ္ဘာ့ဘက်တိုးပြီး ရင်ခွင်ထဲ ဝင်ကာ ခေါင်းနဲ့တိုးဝှေ့ရင်း ကမ္ဘာ့ခါးကိုဖက်ပြီး ပြန်အိပ်သွားပါလေရော။ ကမ္ဘာ့မှာတော့

ရိုး (Zay & Zal) Complete ❗Uni & ZawgyiWhere stories live. Discover now