Part [ 1 ]

2.2K 87 8
                                    


“ ကိုယ့်ကိုယ်မယုံဘူးဆိုရင် ဘယ်လိုသက်သေပြပေးရမလဲ လင်းပြောကြည့် ”

“.......”

“ ကိုယ့်ဘဝက လင်းမှ ဆောင်ကြဉ်းမပေးရင်
အမြဲတမ်းမှောင်မိုက်ပြီး အလင်းမဲ့နေတော့မှာ
အဲ့တော့ လင်းရှိမှ ဖြစ်မှာ လင်းသိရဲ့လား ”

“.........”

“ ကိုယ့်ဘဝကအထီးကျန်နေပြီ အလင်းတန်းလေးရေ ကိုယ့်ဘဝကို လင်းကယ်တင်ပေးမှဖြစ်တော့မှာနော် .. ”

“.......”

လသာဆောင်တွင် တစ်နာရီနီးပါးရှိသည့်တိုင်
ဖုန်းပြောမပြတ်သောထိုကလေးကိုကြည့်ပြီး စည်း ခေါင်းတစ်ချက်ခါမိသည်။လိုအပ်သော
စာရင်းဇယားများကို လမကုန်မီအပြီးသတ်
နေသဖြင့် အလုပ်ထဲအာရုံအပြည့်စိုက်ထား
သော်လည်း တစ်ခါတစ်ခါပီပီသသကြားနေရ
သော ထိုအသံကြောင့် ငယ်ငယ်မှဟုတ်ပါလေစဟု တွေးယူရသည်အထိ အသံတို့က
ထူးဆန်းနေသည်။

လူငယ်အရွယ်လေးများ၏ ဟာကွက်မရှိ
ခပ်တည်တည်နှင့် ဗြောင်ကျကျ ပြောနိုင်သောစကားတို့ကိုလည်း စည်းတစ်သက်နှင့်တစ်ကိုယ် ဤတစ်ကြိမ်သာတွေ့ဖူးသည်။ကိုယ်တိုင်လည်း စိတ်ထဲမရှိသည့်စကားများကို ဟန်ဆောင်ပန်ဆောင်မပြောတတ်သည့်အကျင့်ကြောင့်ဖြစ်ကောင်းဖြစ်လိမ့်မည်။စည်းလက်ထဲ ကြီးပြင်းလာသည့်
ကလေးက မိုးလောက်ကြီးသော ထိုစကား
တို့ကို လွယ်လွယ်ကူကူပင်ပြောတတ်‌နေသော
ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမလား ရယ်ရမလားပင်မသိတော့။

စည်းအတွက် ပိုပြီးအံ့ဩရသည်မှာ
နူး‌ညံ့သောအသံတို့ကို သာမန်ထက်နှစ်ဆ
ပိုပြီးစိတ်ရှည်ဟန်ပေါက်စေသွားသော ငယ်ငယ်၏အဖြစ်ကိုပင်။

အတွေးတို့က ဖုန်းပြော‌နေသောငယ်ငယ်ဆီရောက်သွားသဖြင့် စာရင်းထဲအမှားပေါ်တော့သည်။အာရုံတစ်ချက်လွင့်သွားသည့်အကျိုးဆက်ကလုပ်လက်စအလုပ်တွင် တစ်ချက်မှားသွားရ၏။အမှားကိုချက်ချင်း သတိထားမိ၍သာတော်သေးသည်ဆိုရမည်။အမှားပြင်ဆင်ပြီးနောက်အာရုံဆက်မလွင့်ရဲတော့သည့်စည်းသည်အလုပ်ထဲသာ ခေါင်းနှစ်ထား‌သဖြင့်ငယ်ငယ်ဘယ်ချိန်ကတည်းက ဖုန်းပြောပြီးသွားမှန်း သတိမထားမိတော့ချေ။

★Mr.Right★ [ Completed ]Where stories live. Discover now