Part [ 14 ]

420 33 10
                                    


ကားထဲဝင်လာသည့်ငယ်ငယ်ကို ထိုင်ခုံခါးပတ်ပတ်ပေးနေရင်းရင်ခွင်ထဲ ရုတ်တရက်ရောက်လာခြင်းကြောင့်ငြိမ်သက်သွားသူမှာစည်းပင်။ငယ်ငယ်တစ်‌ယောက်ခုတလော
ထိုအပြုအမူမျိုးမကြာခဏပြုတတ်သည်။ငယ်ငယ်စိတ်တိုင်းကျထိုပုံစံအတိုင်းခွင့်ပြုထားလိုက်ပြီးခေါင်းလုံးလုံးလေးကိုသာ
ဖွဖွလေးပုတ်ပေးခဲ့သည်။

“ ပင်ပန်းလို့လား... ဟင်..ငယ်ငယ် ”

စည်း၏ရင်ဘတ်တွင်မျက်နှာအပ်ထားသောငယ်ငယ်ကမည်သည့်စကားမှဆိုမလာ။ခဏကြာသည့်အခါ စည်း၏ရင်ဘတ်တွင်လှုပ်စိလှုပ်စိအပြုအမူလေးနှင့်ငယ်ငယ်ဆီမှအသံတိုးတိုးလေးထွက်လာသည်။

“ စည်း ~~ ”

“ အင် ဟင် ... ဘာဖြစ်လို့လဲ ကတ်ထဲပိုက်ဆံကုန်သွားလို့လား ”

မေးသာမေးနေသော မည်သည့်အဖြေမှမရသော‌စည်းသည် ထိုအနေအထားအတိုင်းသာရှိနေခဲ့၏။

စည်း၏ကိုယ်သင်းနံ့လေးရှိရာ ရင်ခွင်ထဲကနေ နွေငယ်မခွာချင်ခဲ့ပေ။ဘယ်အချိန်ကတည်းမှ နွေငယ့်၏စိတ်တို့ပြောင်းလဲသွားရမှန်းမသိသော်လည်းနွေငယ့်စိတ်ထဲသေချာနေသည်က စည်းကိုမည်သူ့ကိုမှမပေးချင်ဘဲနွေငယ့်အပိုင်သာဖြစ်စေချင်၏။

‌စည်းကိုအတင်းဖက်တွယ်ထားသော
နွေငယ့်ကိုငုံ့ကြည့်နေသောစည်း၏မျက်ဝန်းညိုထဲသို့ နွေငယ်အတန်ကြာမော့ကြည့်ဖြစ် သည်။ထိုမျက်ဝန်းညိုညိုတို့အောက်တွင်
နွေငယ့်အတွက် နေရာတစ်နေရာစာများရှိလေမလားဟုအဓိပ္ပါယ်မဲ့စွာ မျော်လင့်တကြီး
နှင့်ရှာဖွေမိသည်။

လေးထောင့်ဆန်သောမေးရိုးနှင့်အတူပါးသိုင်းမွှေးတို့အနည်းငယ်မျှမရှိသောစည်း၏မေးရိုးကချောမွတ်သောပါးပြင်နှင့်အတူမျက်ဝန်းညိုတို့ပေါင်းစပ်လိုက်သည့်အခါ ပြစ်ချက်မရှိဖြစ်စေသည်။

ထိုအရာတို့သည်မည်သည့်အချိန်မှစ နွေငယ့်အတွက်စွဲလမ်းမက်မောစရာဖြစ်ခဲ့သနည်း။စည်း၏အကြည့်အပြုအမူနှင့်အရာအားလုံးတို့အောက် မည်သည့်အချိန်မှစ ဆွဲဆောင်သိမ်းသွင်းခြင်းခံခဲ့ရသနည်း။

နွေငယ့်အတွက်နက်နက်ရှိုင်းရှိုင်းချိုမြိန်သော သမုဒ္ဒယချောက်နက်တစ်ခုဖြစ်ပုံရ၏။
နွေငယ်ကိုယ်တိုင်ကိုယ်ကျ လိုလိုလားလားဆင်းသက်ခဲ့သော ချောက်နက်လေးတစ်ခု။ဘယ်တော့မှမလွတ်မြောက်ချင်ခဲ့သောနေရာလေးတစ်ခု။

★Mr.Right★ [ Completed ]Where stories live. Discover now