Part [ 19 ]

392 32 13
                                    


စည်းနှင့်အတူတူအလုပ်ဆီသို့ပြန်သွားဖို့ရာလည်းမဖြစ်နိုင်သဖြင့် ကားရပ်နားလိုက်သည့်နေရာကိုမြင်တော့ အံ့ဩသွားရသည်။ဤသည်မှာAမြို့တော်၏ နာမည်ကြီးဟော်တယ်တစ်ခုဖြစ်သည်။

စည်းကဒါရိုက်ဘာဆီကားအပ်လိုက်သည့်တိုင် အတွေးမပေါက်သေးသည့်နွေငယ်မှာ
ကားပေါ်မှဆင်းဆင်းချင်း မလွှတ်တမ်းဆုပ် ကိုင်ကာတွဲထားသည့်လက်တစ်စုံ၏ခေါ်ရာ နောက်သို့သာယောင်နနဖြင့်လိုက်သွားမိ၏။

Reception တွင်အခန်းယူပြီးသည်နှင့်‘ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ’ဟူသောစကားနှင့်အတူ အခန်းသော့ကိုကမ်းပေးလာသည့်အဆုံး နွေငယ့်အသိစိတ်တို့မကပ်နိုင်သေးပေ။လက်တစ်ဖက်တွဲကာ ကျန်လက်တစ် ဖက်ဖြင့်အခန်းကိုကျွမ်းကျင်စွာဖွင့်လိုက်သည်ကိုမြင်မှ နွေငယ့်အ‌တွေးတို့ပြန်ရောက် လာပုံရသည်။

အခန်းထဲရောက်ရောက်ချင်းစည်းကနွေငယ့်လက်ကိုလွှတ်ပေးပြီးနောက်စိုထိုင်းထိုင်းဖြစ်နေသောကုတ်ကိုအလျင်အမြန်ချွတ်ကာ ကုတင်ပေါ်ပစ်တင်လိုက်၏။ထို့နောက် ယခုချိန်အထိယောင်နနလေးဖြင့်ရပ်နေဆဲနွေငယ့်ကိုမြင်လျှင်ပဲ....

“ အဝတ်တွေခပ်မြန်မြန်ချွတ်လေ ငယ်ငယ် ”

အတွင်းရှိရှပ်အဖြူကိုပါချွတ်နေပြီးဖြစ်သောစည်းကိုမြင်သဖြင့်နွေငယ်တစ်ယောက်ထူပူသွားသည့်ပါးနှစ်ဖက်ကြောင့် တစ်ဖက်သို့လှည့်ရင်းကောက်ကာငင်ကာဆိုလာလေသည်။

“ မချွတ်ဘူး !! ”

တစ်ခုခုကိုအတွေးပေါက်သွားပုံရသော‌ငယ်ငယ်သည်ကြောက်လန့်တကြားစည်းကိုကြည့်လာသဖြင့် စည်းမှာဘာမှမသိသလိုအံ့ဩရသေးသည်။

“ ဟင် ! ”

ခဏအကြာမှငယ်ငယ်စိတ်ပူနေသောတစ်ခုခုကိုသ‌ဘောပေါက်မိသလိုလိုရှိလာသောစည်းက သဘောတကျပြုံးယောင်ယောင်လေးဖြစ်လာသောနှုတ်ခမ်းတို့တို့ကိုထိန်းရင်း....

“ ကိုယ်က အအေးပတ်မှာစိုးလို့ပါ ပြီးရင်အဝတ်တွေလျှော်ခိုင်းရမှာမို့ပြောတာလေ ”

တဖြည်းဖြည်းပြန့်ကျလာသောမျက်ခုံးတို့နှင့်အတူအပြုံးတို့စွက်ကာသေချာစွာရှင်းပြလာသောစည်းကြောင့်ငယ်ငယ်တစ်ယောက်ထပ်မံဆွံ့သွားရတော့သည်။

★Mr.Right★ [ Completed ]Tempat cerita menjadi hidup. Temukan sekarang