Part [ 12 ]

431 37 13
                                    

               
အချိုးအကွေ့တစ်ခုတွင် ကားကိုချိုးကွေ့လိုက်သည်နှင့် နေနေကျ စံရိပ်ငြိမ်ရပ်ကွက်သို့ ရောက်လာခဲ့၏။ခြံရှေ့ရောက်သည့်အခါ ကြိုစောင့်နှင့်နေပုံရသော ခြံစောင့်ကတံခါးဖွင့်ပေးနှင့်တိုက်ရိုက်ဝင်လာကာ အိမ်ဘေး
ဂိုထောင်တွင်ကားကိုထိုးရပ်လိုက်သည်။

ကားပေါ်မှဆင်းလာသည့်အခါ အိမ်ကြီးဆီ
လှမ်းမည်အပြုတွင် တစ်စုံတစ်ခုကိုအတွေးရောက်သွားသဖြင့် ခြေလှမ်းတို့ကိုရပ်လိုက်၏။ထို့နောက် အိမ်ကြီး၏အနောက်ဘက်ဆီသို့တစ်ချက်လှမ်းကြည့်လိုက်သည်။
အိတ်ကို ဘေးနားတွင်ရှိနေသော အလုပ်သမားတစ်ယောက်ကို ပေးလိုက်ပြီး ကိုယ်တိုင်ကအနောက်ရှိလမ်းကြားငယ်ဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

အနောက်ရှိ အိမ်ငယ်ဆီမရောက်မီ ခြံထောင့်ရှိ ခပ်လတ်လတ်ခရေပင်ဆီမှ ခရေနံ့ကို သင်းခနဲ ရလိုက်သည်။ကောက်သူမရှိ ခရေပွင့်ဖြူတို့မှာ ကြွေကျချိန် ကြာလွန်း၍ထင်သည်။အပြင်အပွင့်ချပ်တို့မှာ အညိုရောင်သမ်းနေပြီးဖြစ်၏။သို့သော် မွှေးရနံ့ကတော့ သင်းနေဆဲ။

ခရေပွင့်တချို့ကို ကောက်ယူပြီး မွှေးကြူစဉ်
အလုပ်ဆီမှ စိတ်ပင်ပန်းမှုတချို့ပင်သက်သာ
သွားရ၏။စည်း၏လုပ်ငန်းတွင် ရှယ်ယာရှင်အပြောင်းအလဲတချို့ကြောင့်အလုပ်အနည်းငယ်များရသလို ဦးနှောက်လည်းခြောက်ခဲ့ရသည်။

နောက်ကျိနေသောစိတ်ရှုပ်ထွေးမှုတို့သည်
ညနေစောင်း၏သဘာဝကြောင့်စိတ်ကိုတဖန်ကြည်လင်စေသည်။ ထိုညနေခင်း၏ အလှတရားတွင်သာယာမိနေခိုက်ရင်းနှီးနေသောအသံတစ်သံကို ရုတ်တရက်ကြားလိုက်ရဝောာ့သည်။

“ ~~ရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ကို ငါအခုပြောပြမယ်~~ ဇာတ်လမ်းလေးက ဒီလိုစတယ် ~~ ”

“ ~~မာ‌လာဆောင်သီချင်းလေးထဲက လူကြီးအတိုင်းပေါ့ကွယ်...အချစ်ကြီးလွန်းတော့ ဝဋ်ကြီးတယ် ~~ ”

ထို့နောက်ခြေလှမ်းတချို့ တိုးလျှောက်လိုက်
သည့်အခါတွင်တော့တရားခံကို ရှာတွေ့ပြီး ဖြစ်၏။

“ ~~ငယ်ငယ်ကအတန်းထဲ သူ့မှာကြိတ်ပြီးပိုးရတဲ့ ကောင်မလေးတစ်ယောက်ရှိဖူးတယ်~~
ဂုဏ်ရှိန်နဲ့အသိုင်းအဝိုင်းတို့က သိပ်ပြီးကြီးတော့လည်း သူ့နားကပ်ဖို့သိပ်မလွယ်ကူ
တယ်~~ ”

★Mr.Right★ [ Completed ]Where stories live. Discover now