မမှီ့တမှီဖြစ်နေသော တရုတ်စံကားပွင့်ဖြူများ
ကိုကြည့်ပြီး နွေငယ်အသည်းတယားယားဖြစ်နေ၏။မခိုင်းသော်လည်းလိုချင်နေသော မေလေးကြောင့်အလိုက်သိသောနွေငယ်က ကြိုးစားပန်းစားခူးနေခြင်းဖြစ်သည်။ဖြူဖွေးနေသောနွေငယ်၏ခြေသလုံးတို့တွင် အရှိုးရာများကတဖြည်းဖြည်းသက်သာသွားပြီး ဖြစ်သဖြင့်အိမ်နေရင်းမိုးပြာရောင် ဘောင်းဘီတို ကိုဝတ်ထားသည်။
စည်း၏ တိုက်တွန်းမှုကြောင့်
ဒဏ်ရာမပျောက်မချင်း ပုဆိုးလေးရက်ငါးရက်ခန့် ဝတ်လိုက်ရသော နွေငယ်သည်
လွတ်လပ်မှုတို့ပျောက်ဆုံးနေသည်မှာကြာလှပြီဖြစ်ကာယခုမှပင်နေသာထိုင်သာ ရှိလာ၏။ထို့အခိုက်တွင် ဘေးနားမှဖြတ်သွားသော
ခြံစောင့်ကိုတွေ့လိုက်သည်နှင့်....“ ကိုစော ကိုစော ခဏ... ”
“ ဗျာ ကိုလေး ဘာဖြစ်လို့လဲ ကျွန်တော်ခူးပေးရမလား ”
မနိုင့်တနိုင် ဖြစ်နေသောတံချူတံကို ထိန်းရင်း နွေငယ်က ခေါင်းခါပြသည်။
“ မခူးနဲ့ ရတယ် ... ခြံထောင့်က ခုံပုလေးရှိတယ်မလား အဲ့တာ တစ်ချက်လောက်ယူလာပေး ”
“ ဟုတ်ကဲ့ ကျွန်တော်သွားယူလိုက်မယ်
ခဏစောင့်နော် ”“ အင်း မြန်မြန်လာခဲ့ ”
ကိုစောက ခပ်သွက်သွက်လေးထွက်သွားသဖြင့် မမှီနိုင်ဖြစ်နေသော စံကားပွင့်တို့ကို
ကြည့်ကာ နွေငယ်တစ်ယောက်
စုတ်တသပ်သပ်နှင့်ဖြစ်နေရပြန်သည်။
မြင်နေရက်သားနှင့်ခူး၍မရသည့်အဖြစ်။“ ဟမ့် !! ဒီတစ်ခါတော့လား ”
ဖြူဖြူဖွေးဖွေး တရုတ်စံကားပွင့်တို့ကို ကြိမ်း
မောင်းနေသော နွေငယ်သည် ထိုပန်းပွင့်တို့ကို
ကြည့်ရင်း ခပ်နိမ့်နိမ့်သာ ပွင့်လိုက်ပါတော့လားဟု ရေရွတ်နေပြန်၏။ထိုအချိန် ခုံပုလေးကိုသယ်ရင်း အနားရောက်လာသည့် ကိုစောက...“ ရပြီ ကိုလေး ဒီမှာ ... ”
“ ဒီနားချပေး ကိုစော ”
နွေငယ်သည် သူ့ကိုမမှီ့တမှီဖြစ်စေသည့် မြက်ခင်းတစ်နေရာပေါ် လက်ညှိုးထိုးပြလိုက်၏။ကိုစောကလည်း နွေငယ်ပြသည့်အတိုင်း ခုံပုကိုထားပေးကာထိန်းကိုင်ပေးရန် လုပ်သည်။
![](https://img.wattpad.com/cover/297309871-288-k809191.jpg)
YOU ARE READING
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗