Part [ 25 ]

504 28 5
                                    


တကယ်တမ်း စည်း၏ဖြေရှင်းနည်းက ရိုးရှင်းပါသည်။စည်းလိုလူတစ်‌ယောက်ကနာမည်နှင့်လိုက်စွာစည်းစနစ်ရှိရှိ လုပ်ငန်းများကိုလုပ်ဆောင်နေသူတစ်ယောက်။ လူတစ်ယောက်ကို အလွယ်တကူသံသယဝင်ခက်သော်လည်း အကယ်၍မရိုးသားခဲ့လျှင်လည်း စည်း၏အကဲခတ်နိုင်စွမ်းမှ လွယ်လွယ်နှင့်မလွတ်မြောက်နိုင်။

ဂျက်စမင်ဘက်က စည်းကိုအလွန်လျှော့တွက် ခဲ့ပုံရသည်။ယခင်ကတည်းက အကြိမ်ကြိမ်အခွင့်အရေးပေးခဲ့သော်လည်း မရမကရှေ့ဆက်တိုးလာသည့်အခါ အမှန်တရားအတိုင်းသာ သူမကိုလက်ခံခွင့်ပေးလိုက်ရုံပင်။

ဂျက်စမင်တွင် မည်သည့်အကြံအစည်ပင်ရှိရှိ စည်းဂရုမစိုက်ပါ။သို့သော် ငယ်ငယ့်ကိုခံစားရအောင်ပြုလုပ်လာခဲ့လျှင်တော့ လုံးဝပြတ်ပြတ်သားသားရှင်းလိုက်ရုံသာရှိတော့သည်။

စည်း ထိုဘားသို့ရောက်သွားသည်မှာ လူတစ်ယောက်နှင့်တွေ့ဆုံပင်။တိကျစွာဆိုရလျှင် ထိုသူ၏နှင့်တမင်တွေ့ရန်လာခဲ့ခြင်းဖြစ်သည်။

" ဘရန်စိုင်း "

အရက်ခွက်ကိုင်လျှက် ကောင်လေးတစ်ယောက်၏ခါးကိုဖက်ထားသော ထိုသူမှာစည်းနှင့်သိပ်မကွာ။အသက် ၃၀ ကျော်လောက်သာရှိသေးမည်။

ဖြူနေသောအသားအရည်က တိုင်းရင်းသားတစ်ဦးမှန်း သိသာစေသည်။သို့သော် ထိုသူက စည်းကို မှတ်မိပုံမပေါ်။မမှတ်မိသည့်အပြင် စည်းဘက်က သူ့ပိုင်နက်ထဲ အရင်ဝင်လာသည့်အတွက် စည်းကိုအထင်သေးနေခြင်းလည်း ဖြစ်နိုင်သည်။သို့သော် ဂရုစိုက်စရာမရှိ။

စည်းဘက်ကအဘယ်ကြောင့်မှတ်မိသည်နေရသလဲဟုမေးလျှင် ထိုသူ၏ရုပ်ရည်ကြောင့်ဖြစ်လိမ့်မည်။စည်းအတွက်တော့ တစ်ခါမြင်ဖူးရုံနှင့်ပင်လုံလောက်နေပြီ။

အကွက်ကျနေသော အစီအစဉ်များက တစ်ချက်တည်းဆွဲထုတ်ရုံနှင့် တပြင်ကြီးပါလာသည်က ရယ်စရာဟာသလောက်ပင် စိတ်ဝင်စားဖွယ်မကောင်း။စည်းရှိနေသည့်အတွက် ဘရန်စိုင်းမှာ တွန့်ဆုတ်နေသော တစ်ဖက်ကောင်လေးကို အနားဆွယူရင်း...

" အမှိုက်တွေကို အာရုံထဲမထားနဲ့ "

ထိုသို့ပြောပြီး ကောင်လေးဆီလှည့်ကာပွတ်သီးပွတ်သပ်လုပ်နေပြန်သည်။မြင်ကွင်းမှာ မထူးဆန်းသော်လည်း လူလည်ကျစွာ စည်းချစ်ရသည့်ငယ်ငယ့်ကိုစည်းနှင့် ခွဲရန်ကြံနေသည့်အကြံကတော့ ရွံစရာကောင်းသည်။

★Mr.Right★ [ Completed ]Dove le storie prendono vita. Scoprilo ora