နောက်ဆုံးတော့ ...August (5) ရက်က စခဲ့တဲ့ဇာတ်လမ်းက ဒီနေ့ October (26) ရက်မှာ ပြီးသွားခဲ့ပါပြီ။ ပထမဆုံး စိတ်ရှင်းရှင်းနဲ့ပေါ့ပေါ့ပါးပါးရေးသားခဲ့ဖူးတဲ့ဇာတ်လမ်းလေးမို့ Complete လို့ ခေါင်းစဉ်တပ်နိုင်တဲ့အခါ အရမ်းကို စိတ်ကျေနပ်ရပါတယ်။
ဘယ်သူနဲ့မှ မတူတဲ့နာမည်တွေနဲ့ ဇာတ်လမ်း၊ဇာတ်ကြောင်းတွေကို အတတ်နိုင်ဆုံးစဉ်းစားပြီးရေးသားခဲ့ပါတယ်။ ကိုယ်ပိုင်အတွေးကိုချဲ့ထွင်တာရယ် ဖတ်မှတ်ဖူးတဲ့ ဗဟုသုတများကိုရယ် အခြေခံပြီးဖန်တီးခဲ့တာမို့လို့ အကယ်၍ တိုက်ဆိုင်စွာနဲ့ တူခဲ့ပါက နားလည်ပေးကြဖို့ပထမဆုံး ပြောချင်ပါတယ်။
နောက်တစ်ခုကတော့ စာရေးသူတိုင်းပြောနေကျစကားလေးပါပဲ။ စာရေးသူတို့ကိုယ်ပိုင်ဖန်တီးထားတဲ့ဇာတ်ကောင်တွေကို တခြားသူတွေရဲ့ဇာတ်ကောင်တွေနဲ့မနှိုင်းဖို့ပါပဲ။
ကိုယ်ပိုင်စိတ် ကိုယ်ပိုင်နှလုံးသားနဲ့ဖန်တီးထားတာမို့လို့ အများအမြင်မှာဘယ်လောက်ပဲသေးငယ်နေပါစေ ကိုယ်တိုင်အမြင်မှာတော့ကမ္ဘာကြီးလောက်ကြီးကျယ်ပြီး အနှိုင်းမဲ့
မို့လို့ပါ။August (5) ကနေ October (26) ရက်နေ့အတွင်းဖန်တီးခဲ့တဲ့... Mr.Right အမည်နဲ့
စိတ်ကူးယဉ်ဇာတ်လမ်းလေးဟာ ကိုယ်ပိုင် ဇာတ်ကောင်အမည် အထက်စည်း ( စည်း ) နဲ့ နွေသက်တံ့ငယ် (ငယ်ငယ် ) တို့ကို ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ စိတ်ကူးယဉ်ဆန်စွာ ဖန်တီးဖြစ်ခဲ့ပါတယ်။ကိုယ်တိုင်က ဇာတ်လမ်း၊ဇာတ်အိမ်အကြီးကြီးတွေကို ဖန်တီးနိုင်စွမ်း မရှိသေးတာမို့ အများကြီးလည်းမမျှော်လင့်ခဲ့ပါဘူး။ အသိတွေရယ်၊ ဖြတ်သွားဖြတ်လာ စာဖတ်သူတွေရယ်၊ စပ်စုချင်စိတ်လေးနဲ့ဝင်ပြီး view
ပေးခဲ့သူခဲ့တွေရယ်၊ တစ်ယောက်စ နှစ်ယောက်စဖတ်ပေးခဲ့သူတွေနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။ကျေးဇူးလည်းတင်ပါတယ်။နောက်တစ်ခုကတော့.... တောင်းပန်ချင်တာပါ။
Mr.Right ဇာတ်လမ်းလေးမရေးခင် ဒီအစား Crush or Friend ? ဇာတ်လမ်းရေးခဲ့ဖူးပါတယ်။ Crush or Friend?ကို
အပြီးတိုင်ဖျက်ပြီး ဒီဇာတ်လမ်းကိုရေးခဲ့တာမို့တချို့ ဇာတ်ကွက်တွေလည်း အနည်းငယ်
တူကောင်းတူနေပါလိမ့်မယ်။Crush or Friend? ဇာတ်လမ်းကိုစိတ်တိုင်းကျစွာ အဆုံးမသတ်နိုင်ခဲ့လို့ Mr.Right ကိုအစားထိုးပြီး အစကနေအဆုံး ပြန်လည်ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။
အဲ့ဒီအတွက် အနှောင့်အယှက်ဖြစ်ခဲ့တာရှိရင် ဒီစာရေးသူက အနူးအညွတ်တောင်းပန်ချင်တာပါ။
စာရေးသူတစ်ယောက်အနေနဲ့ အဓိက အလေးထားရမှာ စာဖတ်သူတွေကိုဆိုတာအမြဲတမ်းအမှတ်ရနေပါတယ်။
အခုတော့ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ နှုတ်ဆက်ခဲ့ပါပြီ။နောက်ဖန်တီးမယ့် ဇာတ်လမ်းလေးကိုလည်းအားပေးကြပါအုံးနော်။
#အမြဲလေးစားလျှက်
KyarPanNiNi...🕊️
![](https://img.wattpad.com/cover/297309871-288-k809191.jpg)
YOU ARE READING
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗