“ မေမေ့အစားသွားလိုက်ပါလား သားရယ် နော် ”လကုန်ပြီး တစ်ပတ်ကြာကာမှ စည်းအလုပ်နားရက်လေးတစ်ရက်ရတော့သည်။ပိတ်ရက် လေးတစ်ရက်တွင်အေးအေးဆေးဆေးနား
မည်ကြံကာမှ မေမေ၏ပွစိပွစိပြောသံက
ဆူညံနေတော့ မျက်နှာရှုံ့မိသည်။မနက်စာ စားချိန်တောင် ကောင်းကောင်းစား
ခွင့်မပေးသော မေမေက တစ်ခါတလေဤသို့
နှယ် ဂွကျတတ်သေး၏။“ မသွားချင်ပါဘူး မေမေရာ တော်ကြာနေတစ်ဖက်က ဆွေမျိုးတော်ချင်လို့ အထာပေးတယ် ထင်နေအုံးမယ် ”
“ အဲ့လိုထင်တော့ ပိုတောင်ကောင်းသေး နားဖောက်ပြီးသား ဖြစ်သွားတာပေါ့ ”
“ မေမေကလည်း ခုမှပြောင်းလာတဲ့သူစိမ်းဆီ
ဘယ်လိုလုပ်ပြီး ကိုယ့်သားနုနုထွတ်ထွတ်လေးကို အတင်းထိုးပေးနေရတာလဲ ”“ ခုသူစိမ်း နောင်ကျတော့ ဆွေမျိုးဖြစ်ချင်ဖြစ်မှာပေါ့ ”
“ ဆွေစစ်မျိုးစစ်ဆိုတာ လွယ်လွယ်နဲ့ရတတ်တဲ့အရာမျိုးမဟုတ်ဘူး မေမေရ ”
“ ဟဲ့ လူအကြောင်းပေါင်းမှသိတဲ့ မပေါင်းဖူးဘဲနဲ့တော့ ကောင်းမကောင်း ဘယ်လိုသိမှာတုန်း ... ”
“ မပေါင်းချင်ပါဘူးဗျာ ပိတ်ရက်ကလေးရတုန်း နာအေးပါးအေးနားရပြီးမှတ်ပါတယ် နားပါရစေအုံးမေမေရယ် နော် .. ”
“ သားနော် ငယ်တော့တာလဲမဟုတ်ဘူး
ဘယ်လိုဖြစ်လို့ ခုချိန်ထိ ရည်းစားလေးတစ်ယောက်မှတောင်မရှိရတာတုန်း အဖြစ်မရှိ
လိုက်ဝာာ တကယ်ပါပဲ ”ရုတ်တရက် စည်းကိုနှိပ်ကွပ်လိုက်သော
မေမေကြောင့် စည်းစိတ်ရှုပ်သွားရပြန်၏။ဖေဖေမရှိတော့စဉ်ကတည်းကဖေဖေနှင့်ဦးညီပိုင်သော ထိုကုမ္ပဏီကို ဦးညီကစည်းတာဝန်ယူနိုင်သည့်အချိန်လက်ထဲလွှဲပေးလိုက်တာကြောင့် တခြားကိစ္စအကြောင်း စဉ်းစားရန်အချိန်မရှိခဲ့ပေ။အချစ်ရေးကိစ္စလည်း ထို့အတူပင်ဖြစ်သည်။ထိုအကြောင်းကို အခွင့်ရေးရတိုင်း စည်းအပေါ်အမြင်စောင်းချင်သော မေမေက ခဏခဏအပြစ်ပြောတတ်၏။ဤသည်မှာ စည်း၏အသက်ကို ခဏခဏခလုတ်တိုက်နေသော ငယ်ငယ်၏အကျင့်နှင့်တစ်ထေရာတည်းပင်။
YOU ARE READING
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗