Part [ 23 ]

398 28 8
                                    


အိတ်အသေးကိုလွယ်လျှက် ခေါင်းငိုက်စိုက်ပြန်လာသောနွေငယ့်ကိုမြင်ချိန် နွေငယ့်မေမေမှာ ခင်ပွန်းဖြစ်သူကိုလက်တို့လိုက်၏။

နှစ်ယောက်လုံးပန်းခြံထဲတွင် လိုအပ်သောပန်းအိုးအချို့ကို ထပ်မံဖြည့်သွင်းနေသည်။ထိုအထဲတွင် ဒေါ်နွယ်လေးကြိုက်သောနှင်းဆီပွင့်နီနီလေးကအများဆုံးပင်။

ဦးညီကပန်းအိုးကိုနေရာတကျရွေ့ကာသယ်နေတုန်း အခြေအနေမကောင်းစွာခြံထဲဝင်လာသောသားဖြစ်သူကို မြင်လိုက်ရသည်။
နှစ်ယောက်သားဘာမှမပြောဖြစ်သော်လည်းမျက်နှာမကောင်းသောသားအတွက်စိတ်မကောင်းဖြစ်ရသည်။

ဦးညီစံသည်လက်မောင်းပေါ်မှစိုးရိမ်တကြီးဆုပ်က်ိုင်လာ‌သောငယ်ငယ့်မေမေ၏လက်ကိုဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ငယ်ငယ့်ရင်ထဲ မည်သို့ခံစားနေရသည်ကို
ဦးညီစံကောင်းကောင်းသိသည်။

အတိတ်ကမြင်ကွင်းတခုကိုဖျတ်ခနဲမြင်ယောင်မိချိန်တွင် ဒေါ်နွယ်လေး၏လက်ဖဝါးကိုသာကြင်ကြင်နာနာလေးဆုပ်ကိုင်ထားလိုက်မိတော့သည်။

“ ကို ”

သားအတွက်စိတ်ပူသဖြင့်အနောက်မှနေလိုက်သွားချင်‌နေသောဇနီးဖြစ်သူကြောင့်...

“ ငယ်ငယ်လေးကို အချိန်ပေးလိုက်ပါနွယ် ”

“ နွယ့်အပြစ်တွေပဲ... ငယ်ငယ့်ကိုဟိုးအရင်ကတည်းကစည်းလက်ထဲကြီးပြင်းစေခဲ့တာကိုက နွယ့်အပြစ်တွေပါ .. အခု‌တော့မလိုအပ်တဲ့အရာတွေနဲ့ ငယ်ငယ်ခံစားနေရပြီ ”

ပခုံးကိုကြင်ကြင်နာနာဖက်လာသောဦးညီ သည်ဒေါ်နွယ်လေးကိုနှစ်သိမ့်ရုံမှလွဲမည်သည့်စကားကိုမျှမဆိုခဲ့။

“ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေဖို့မလိုဘူးနွယ် ကိုယ်တို့တမင်လုပ်ယူလို့ရတဲ့အရာတွေထဲခံစားချက်ဆိုတာမှ‌မပါဘဲ သားငယ်လေးကသူ့ကိုယ်သူအကောင်းဆုံးလုပ်နိုင်ပါတယ် ”

“ ဒါပေမယ့် ... ”

“ နွယ်သိလား ..ကိုယ်နွယ်တို့သားအမိအပေါ်ဘယ်လောက်ခင်တွယ်ပြီးဘယ်‌လောက်ထိချစ်မှန်းကိုလေ ”

တစ်ချက်မျှတွေဝေသွား‌သောဒေါ်နွယ်လေးသည် အဆုံးတွင်နားလည်ဟန်ခေါင်းတစ်ချက်ညိတ်ပြလာသည်။ထိုအပြုအမူတို့တွင်အဓိပ္ပါယ်များစွာပါဝင်ကြောင်းနှစ်ယောက် လုံးသဘောပေါက်သည်။

★Mr.Right★ [ Completed ]Onde histórias criam vida. Descubra agora