မြတ်မင်းအသိဝင်လာသည့်အခါ အခြေအနေတချို့က ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ထိုနေ့ကစ ရသတစ်ယောက် တိုက်ခန်းဆီလုံးဝမလာတော့ပေ။ စိတ်အနှောင့်အယှက်ဖြစ်သွားပြီးအတော့်ကို စိတ်ဆိုးသွားပုံလည်းရသည်။ပုံမှန်လာနေကျဘားအပြင် တိုက်ခန်းဆီကိုလည်း မရောက်ဖြစ်တာ တစ်လနီးနီးရှိခဲ့ပြီ။ထိုအတောအတွင်း မြတ်မင်း၏နေ့ရက်များ သည် ပုံမှန်အနေအထားဆီရောက်သွားပြီး ရသချစ်တတ်စတစ်ချိန်တုန်းကလို အထီးကျန်စွာပြန်လည်တိတ်ဆိတ်သွားခဲ့၏။
ထိုအတွက် မှားခဲ့သည်ကို ဝန်ခံမိသော်လည်း နောင်တတော့မရပေ။ တမြေ့မြေ့နှင့် မခံစားနိုင်တော့သည့်အဆုံး တစ်ခဏတာ စိတ်ပိုင်းဖြတ်မိသွားသည်။ အနည်းဆုံးတော့ ရသကမြတ်မင်း၏ခံစားချက်တို့ကို သိသွားခဲ့ပြီ။ထိုအဖြစ်အတွက် ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိသော်ငြား စိတ်လက်ပေါ့ပါးသွားရသည်ကအမှန်။ ရင်ဘတ်ထဲလေးလံနေသောဝန်ထုပ်ကိုဖြုတ်ချပစ်လိုက်ရသလိုမျိုး။
ရသဘက်က မြတ်မင်းကို အခွင့်အရေးသမားဟု သတ်မှတ်ချင်သတ်မှတ်လိမ့်မည်။ ထို့အပြင် ရိုးသားချင်ယောင်ဆောင်နေသည့် ရွံစရာလူဟုလည်း သတ်မှတ်လိမ့်မည်။ ထိုသို့ တွေးမိတော့စိတ်မောသွားရပြန်သည်။
တစ်ချိန်က သူငယ်ချင်းဖြစ်သူကို ချစ်နေသော်လည်း ဖွင့်မပြောရက်သောရသ၏ အဖြစ်ကို ကိုယ်ချင်းစာမိသော်လည်း ကိုယ်တိုင်ဖြင့် မျိုသိပ်ခြင်းနှင့်အသားမကျခဲ့သူမို့ ဖွင့်ဟမိခဲ့ပြီ။ ထိုအတွက် နောင်တမရသော်ငြားအနည်းငယ် ဝမ်းနည်းရသည်။ မဆုံးနိုင်သော သက်မရှည်ကြီးတို့က ရသနှင့်ပတ်သက်လာလျှင် ပင့်သက်ရှိုက်နေရဆဲ။
ထို့နောက် ခန်းဆီးလိုက်ကာဆီမှထိုးကျနေသော နေရောင်ကို ငေးမောကြည့်ကာ ဘေးနားမှခလုတ်ကိုနှ်ိပ်လိုက်သည့်အခါ ခပ်ဖျော့ဖျော့နေရောင်က တဖြည်းဖြည်းကျလာသည်။
ရသဘက်က ဘားဆီကိုမလာမှန်း သိသည့်အချိန်မှစ မြတ်မင်းကိုယ်တိုင်လည်းမသွားဖြစ်တော့ဘဲ တစ်စုံတစ်ယောက်ဆီကိုသာ လွှဲပေးလိုက်သည်။ ရသ ထပ်မလာနိုင်တော့သည့် ထိုနေရာကို မြတ်မင်းလည်းသွားချင်စိတ်မရှိတော့။ ယခင်ကတည်း ထိုနေရာကို ရသအတွက် ရည်းစူးပြီးဖွင့်ခဲ့တာကြောင့် အနည်းငယ်နှမြောမိသော်လည်း မတတ်နိုင်တော့။
![](https://img.wattpad.com/cover/297309871-288-k809191.jpg)
YOU ARE READING
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗