Part [ 20 ]

400 30 5
                                    

နွေငယ့်အိပ်မက်ထဲတွင်ရှည်လျားနက်ရှိုင်း သောချောက်အတွင်းသို့ ကျရောက်နေသလိုမျိုးမွန်းကြပ်နေခဲ့သည်။ခံစားချက်တို့မှာ
ပြောမပြနိုင်သည်အထိပူလောင်နေခဲ့တော့လက်တွေ့နှင့်ပင်မခွဲခြားနိုင်ခဲ့။အသက်ရှူကြပ်ကာ မောဟိုက်နေမှုကနွေငယ့်ကို အလွန်ခံရခက်စေသည်။

ထို့နောက် နွေထွေးသောလက်တစ်စုံကထွေးပွေ့ချိန်မှ အသိစိတ်တို့ဝင်လာပြီး မျက်ဝန်းတို့ဖွင့်ဟလာချိန် ချောမောသောမျက်နှာတစ်ခုက နွေငယ့်အမြင်အာရုံတစ်ခုလုံးကိုပိုင်စိုးထားလေသည်။

“ အွင်း ~~ ”

အသက်ရှူမဝသလို ညည်းငြူမိကာမှသတိဝင်လာပုံရသောမျက်နှာမှာနွေငယ့်ဆီပူးကပ်‌ နေရာမှ နောက်ဆုတ်သွားပြီး စိုစွတ်လက်ပြောင်နေသောနွေငယ့်နှုတ်ခမ်းတို့ကိုလက်မဖြင့် ညင်သာစွာပွတ်သပ်ရင်း ကြင်ကြင်နာနာစကားဆိုလာ၏။

“ နိုးပြီးလား ”

ဩရှနေသောစည်းအသံမှာတစ်စုံတစ်ရာကိုကွယ်ဝှက်ထားသလိုထင်ရသော်လည်းမည်သည့်သံသယမှမရှိစေရဘဲ နူးညံ့ညင်သာသလိုဆွဲဆောင်မှုလည်းရှိလှ၏။

ရီဝေဝေလေးကြည့်သောငယ်ငယ့်မျက်ဝန်းတို့ကို ပြန်လည်ငေးကြည့်နေသောစည်း၏
ရင်ထဲခံစားချက်တို့မှာ ရူးသွပ်တော့မလို တဖြည်းဖြည်းယိုဖိတ်စီးဆင်းနေခဲ့သည်။

တဖန် ငယ်ငယ့်မျက်နှာဆီငုံ့ကိုင်းလာကာ
ရှင်းရှင်းလင်းလင်းနိုးနေပုံမရသည့်ငယ်ငယ့်အသိတို့ဝင်လာစေရန် ထပ်မံနမ်းရှိုက်ကာ
နှိုးလိုက်မိတော့သည်။

နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ခြင်းခံနေရသော် လည်း ငြိမ်သက်နေဆဲငယ်ငယ့်ပုံရိပ်ကြောင့် စည်းမှာပို၍အသိမဲ့လာရပြီး ပါးလွှာနူးညံ့သည့်နှတ်ခမ်းနှစ်လွှာတို့ကြားဖြတ်ကျော်ကာ ကျူးကျော်ရန်ဆန္ဒတို့ကထပ်ပြီးထိန်းချုပ် ၍မရနိုင်တော့သလို။နူးညံ့ပြီးချိုမြိန်လှသောနှုတ်ခမ်းတို့ကို လွှတ်မပေးချင်တော့သည်အထိ ထပ်ခါထပ်ခါနမ်းရှိုက်နေခဲ့ရင်း ဆန္ဒတို့က အတောမသတ်နိုင်ခဲ့။နူးညံ့ပြီးချိုမြိန်လွန်းလှသော အထိအတွေ့တို့ကလူက်ိုစွဲလမ်းပြီးရင်းစွဲလမ်းစေကာ တစ်ခါတစ်ခါတုံ့ပြန်လာသော တုံ့ပြန်မှုလေးကပင် စည်းအတွက်
အသိစိတ်မဲ့စွာထိန်းချုပ်ရခက်‌စေသဖြင့်ခံစားချက်တို့ကို ရပ်တန့်မရနိုင်တော့ပြီ။

★Mr.Right★ [ Completed ]Where stories live. Discover now