Part [ 15 ]

454 33 9
                                    


ဝင်လာသောဖုန်းကိုတစ်ချက်ကြည့်လိုက်တော့မေမေဆီမှဖြစ်နေသဖြင့် မကိုင်ဖြစ်သေး။အလုပ်များကိုအပြီးလုပ်နေရသဖြင့်အဆက်မပြတ်မြည်နေသောဖုန်းသံမှာ အလိုလိုတိတ်ကျသွားတော့သည်။

သုံးကြိမ်မြောက်ဝင်လာသည့်အခါတွင်တော့စည်းမနေသာတော့သဖြင့်ကိုင်လိုက်ရသည်။

" ဟဲလို မေမေ "

' ပြန်မလာသေးဘူးလားသား '

" ခဏနေလက်စသတ်ပြီးရင်ပြန်လာမယ်မေမေ ဒါနဲ့.... ငယ်ငယ်ပြန်ရောက်ပြီးလား "

' အော် သားရယ် ငယ်ငယ်အိမ်ပြန်ရောက်ရင်
နွယ်လေးတို့ဆီပြန်မှာပေါ့ ... မင်းကဘာကိစ္စပူနေတာတုန်း မဆီမဆိုင် ..'

" ဒီအတိုင်းမေးကြည့်တာပါမေမေရာ ဒါဆိုသားအမြန်ပြန်လာမယ် ဒါပဲမလားမေမေ"

' အင်း သားနဲ့လည်းတိုင်ပင်စရာတချို့ရှိလို့ဖြစ်နိုင်ရင် မြန်မြန်ပြန်ခဲ့နော်သား '

' ဟုတ်ကဲ့မေမေ '

ရုတ်တရက်မေမေ့ဆီမှ ထူးထူးဆန်းဆန်းစိမ်းသက်နေသောစကားတို့ကြောင့်စည်းခဏတိတ်သွားသော်လည်း မည်သည့်အတွေးမှ
မရှိခဲ့ပေ။ထို့နောက်တွင် အမြန်ဆုံးပြန်လာပါမည်ဟုမေမေ့ကိုပြောပြီးဖုန်းချလိုက်တော့ သည်။

ထို့ပြင်မေမေက 'သားနဲ့အေးအေးဆေးဆေးစကားပြောချင်တယ်'ဟူသောစကားကိုလည်း
စည်းအနည်းငယ်ထူးဆန်းရသည်။အထွေအ‌ထူးတွေးစရာရှိမနေသည့်စည်းမှာ
မပြီးသေး‌သောအလုပ်ကိုသာဆက်လုပ်နေလိုက်၏။

အလုပ်များကိုလက်စသတ်နေသောစည်းသည်လက်ပတ်နာရီကိုလည်းမကြာခဏကြည့်နေသေး၏။လကုန်ရက်များတွင်ရှုပ်နေကျအလုပ်များမှာ ၉ နာရီပင်ထိုးနေပြီဖြစ်သော်လည်း မပြီးနိုင်သေး။

ထိုအချိန် ဖုန်းထဲ‌ တင်ခနဲဝင်လာသော
မက်ဆေ့ကြောင့်အလုပ်ကိုခဏရပ်လိုက်သည်။ဝင်လာသောစာကိုစစ်ကြည့်လိုက်ပြီး‌နောက်တစ်ချက်မျှ ပြုံးလိုက်သည်။မျှော်နေမိသည့်စည်း၏လူရှုပ်ကလေးဆီမှဖြစ် သည်။

💬 ' ပြန်မလာသေးဘူးလား '

အိမ်တွင်မျှော်နေမည့်သူများရှိသဖြင့်
ရင်ထဲရုတ်တရက်ရင်ထဲဖြစ်တည်လာသည့်ခံစားချက်ကိုစည်းတစ်ယောက်ခေတ္တမျှ
မဖုံးနိုင်ဖြစ်သွားရ၏။

★Mr.Right★ [ Completed ]Tempat cerita menjadi hidup. Temukan sekarang