“ ဟင်...ဒါက ..? ”အခန်းပတ်လည်တွင်ပြည့်နေသော ရသ၏
ပစ္စည်းများကြောင့် အံ့ဩသွားရသူကမြတ်မင်း။ သဘောက အခန်းမှားဝင်လာသည်ဟု
ထင်သွားမိခြင်းဖြစ်သည်။ တကယ်တမ်း အခန်းမမှားပေ။ ရသကိုယ်တိုင်က ဤအခန်းတွင် နေရန် စီစဉ်ထားခြင်းဖြစ်သည်။“ ဘာဖြစ်လို့လဲ ?”
မြတ်မင်း၏အံ့ဩနေသည့်မျက်နှာထားကြောင့် မျက်ခုံးအနည်းငယ်ပင့်ရင်းဆိုသူက ရသ။ မြတ်မင်း၏ အကြည့်တို့ကို ခပ်တည်တည်တုံ့ပြန်လိုက်သည်က မည်သည့်အရာကမှ ထူးခြားမှုမရှိသည့်နှယ်။
တကယ်တမ်းလည်း ထူးခြားမှုမရှိပေ။ဤသည်ကိုမြတ်မင်းက အဘယ့်ကြောင့် ထိုသို့ပြုမူနေမှန်းမသိ။ ယခင် ဤအိမ်တွင် အတူတူရှိတုန်းကလည်း မြတ်မင်းအခန်းထဲတွင် နေနေကျဖြစ်ပြီး မြတ်မင်းအိမ်ပြောင်းသွားတော့လည်း ထိုတိုက်ခန်းတွင် သွားနေသေးသည်။
“ ဘာမဟုတ်ပါဘူး ငါ့အခန်းက ဟိုဘက်မှာမလား ”
ရသ၏အမေးကို အူကြောင်ကြောင်ဖြင့်ဖြေလိုက်သော်လည်း မရေရာမှုတို့အပြည့်ဖြင့်။
တစ်နည်း မြတ်မင်း၏အခန်းက မရှိတော့တာများလား။“ အဲ့ အခန်းက ရှုပ်နေတာ မရှင်းရသေးလို့
လောလောဆယ် ဒီအခန်းမှာပဲနေလေ ..”“ .....”
နှစ်ယောက်သား ထူးဆန်းသောလေထုဖြင့် အခန်းထဲရှိနေကြစဉ် တံခါးခေါက်သံပေါ်လာသည်။ အိမ်စေတစ်ယောက်က ညစာစားရန် လာခေါ်ခြင်း ဖြစ်သည်။
“ ထမင်းစားရအောင် ..အဖေတို့စောင့်နေလိမ့်မယ်”
ပစ္စည်းများများစားပါမလာသော မြတ်မင်းက
ကျောပိုးအိတ်ကို ကုတင်ပေါ်တင်လိုက်သည်။
ထို့နောက် ရှေ့မှ ဦးဆောင်ထွက်သွားသော ရသ၏လက်ကို လှမ်းတားလိုက်ရင်း....“ အင်း ...? ”
“ ငါ...”
အဆင်မပြေသလိုဖြစ်နေသည့်မြတ်မင်း၏ မျက်နှာထားကြောင့် ရသက တစ်ခုခုကိုသဘောပေါက်သွားကာ လှမ်းဆွဲထားသောမြတ်မင်း၏လက်ကို အသာလေးဆွဲဖယ်ရင်း...
“ ဒီအတိုင်း ...ညစာ စားတာပဲ... အစ်ကိုဘာတွေစိတ်ပူနေတာလဲ .. သူစိမ်းကျနေတာပဲ ..
မဟုတ်မှ ..အိမ်ကထွက်သွားပြီးကတည်းကိုယ့်ကိုယ်ကိုယ် သူစိမ်းလို့ သတ်မှတ်ထားတာလား ..”
![](https://img.wattpad.com/cover/297309871-288-k809191.jpg)
BINABASA MO ANG
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗