Part [ 6 ]

523 46 6
                                    


စည်းအလုပ်ဆီရောက်တော့လည်း စိတ်က
မဖြောင့်နိုင်သေး။အရေးကြီးဧည့်သည်များနှင့် ငွေစာရင်းကိစ္စ အပြီးသတ်ပြီးသွားသည့်အခါမဖြစ်မနေစစ်ရမည့် အရေးကြီးစာရင်းများကို စစ်ရပြန်သည်။တချို့ကျန်နေသည့်အလုပ်များကိုတော့ အိမ်သို့သယ်သွားရန်ဆုံးဖြတ်လိုက်သည်။

အရာအားလုံးအပြီးသတ်ပြီးသည့်အခါတွင် ညနေ ၃ နာရီထိုးနေပြီးဖြစ်၏။မိသားစုဆရာဝန်ကိုပါ တစ်ခါတည်းသွားကြိုရမှာမို့ ခပ်စောစောပြန်ရန်ပြင်လိုက်သည်။မနက်ကတည်းက ငယ်ငယ့်ကြောင့် အလုပ်များနေရသဖြင့် ကိုယ့်ပုံစံကိုတောင် ပြန်မကြည့်မိသည့်စည်းမှာ အပြန်ကျမှ ရွဲ့စောင်းနေသောလည်စည်းသတိထားမိသွားသဖြင့် အနည်းငယ်ပြင်ဆင်လိုက်ရသည်။ငယ်ငယ်နှင့် ပတ်သက်သည့်ကိစ္စတိုင်း စည်းတို့တစ်မိသားစုလုံး အရေးကြီးသုတ်ပျာဖြစ်ရသည့်ကလည်း ထုံးစံပါပင်။သို့သော် ယခုတစ်ကြိမ်တော့ အပြင်းထန်ဆုံးဟု ဆိုရမည်။

ကုမ္ပဏီမှ ထွက်လာပြီးသည့်အခါ တစ်နေရာသို့ဦးတည်လိုက်သည်။မေမေ့ကျန်းမာရေးအတွက် တစ်လတစ်ခါဖုန်းဆက်ပြီးခေါ်
ရသည့်ဆရာဝန်ကို စည်းကိုယ်တိုင်သွားကြိုရန်ဖြစ်၏။ဟိုက မလိုအပ်ပါဟုအတန်တန်မှာထားရက်နှင့်တောင်ရအောင်သွားခေါ်ရအုံးမှာပင်။

ဆရာဝန်ခေါ်ပြီး အပြန်လမ်းတွင် ငယ်ငယ့်ကို
စိတ်ပူနေသည့်စည်းက ကားကိုအရှိန်တင်မောင်းနေမိတာကိုတောင် သတိမထားမိပေ။

“ မင်းအိမ်က ထွက်ပြေးမှာမို့ အတင်းမောင်းနေရလားစည်း အရှိန်လျှော့စမ်းပါဟ!! ”

“  ဘာတွေပူနေတာလဲ ?? ”

ပုံမှန်နှုန်းဖြင့် မောင်းသလိုမောင်းနေသည့်စည်းမှာအရှိန်မလျှော့ဘဲ အေးဆေးပင်ပြန်ဖြေလိုက်၏။တကယ်တမ်း မိသားစုဆရာဝန်ဒေါက်တာပြည့်စုံမင်းမှာ စည်းနှင့်အမှတ်မထင်ကိစ္စတစ်ခုဖြင့် သိခဲ့ကြပြီး ပြည့်စုံမင်း၏ အဖေသည်လည်း စည်းကုမ္ပဏီတွင် ရှယ်ယာဝင်ထားသည့် သူဌေးတစ်ယောက်ပင်ဖြစ်သည်။ပြည့်စုံမင်း၏အဖေနှင့် အလုပ်ကိစ္စမိတ်ဆွေဖြစ်တာကြောင့် စည်းနှင့်ပြည့်စုံမင်းကလည်း လူရင်းများသဖွယ်အလိုလိုခင်မင်သွားသည်။

★Mr.Right★ [ Completed ]Where stories live. Discover now