Part [ 13 ]

447 34 12
                                    


လေဆိပ်သို့ရောက်သည့်အခါလေယာဉ်ဆိုက်ရန်နာရီဝက်ခန့်လိုသေးသဖြင့် ခေတ္တစောင့်ရသေးသည်။

မနက်အစော နွေငယ်မနိုးခင်စည်းကစိတ်ရှည်လက်ရှည်လာစောင့်ပေးနေခဲ့၏။ထိုအချိန်ကတိုက်ကရိုက်ဖြင့်စည်းနှင့်အတူထွက်လာခဲ့‌ သောနွေငယ်သည်ကော်လာရှပ်အဖြူကို ဘောင်းဘီရှည်အနက်ဖြင့် ဝတ်ထားသဖြင့်အထက်တန်းကျောင်းသားနှင့်ပင်တူနေတော့ သည်။

ကားပေါ်မှဆင်းပြီးချိန်အနည်းငယ်ထောင်နေသောဆံပင်ကိုစည်းက ဂရုတစိုက်သပ်ချပေးခဲ့သည်။ထို့နောက် စည်းကနွေငယ့်ပုခုံးကိုဖက်ကာ‌လေဆိပ်အဆောက်အအုံထဲဝင်လာခဲ့၏။‌လေဆိပ်တစ်နေရာတွင်စည်းနှင့်အတူစောင့်နေသည့်နွေငယ်က အိပ်ရေးမဝသည့်နှယ်စည်း၏လက်မောင်းကိုပျင်းတွဲ့စွာမှီထားသေးသည်။

မကြာလိုက်ပေ။ပစ္စည်းတချို့တင်ထားသည့် Luggageနှင့်အတူထွက်လာသော ဖေဖေကိုလှမ်းမြင်လိုက်သည်။ဓာတ်ပုံထဲမှာထက် အနည်းငယ်ပိုပိန်သောဖေဖေကိုနွေငယ်
ချက်ချင်းမှတ်မိလိုက်သည်။စည်းလက်မောင်းကိုဝမ်းသာအားရဆုပ်ကိုင်မိပြီးမှ......

“ ဖေဖေပဲ !! ”

ရုတ်တရက် စည်းအနားမှထွက်သွားသောငယ်ငယ်က တစ်ဖက်ကဦးညီဆီပြေးသွားခဲ့သည်။စည်းနှုတ်ခမ်းမှအပြုံးတို့ကစစ်မှန်စွာဖြစ်တည်လာပြီး ဦးညီဆီသို့ခပ်သွက်သွက်သောခြေလှမ်းတို့ဖြင့်သာလျှောက်သွားလိုက်သည်။

အဖေဖြစ်သူအပေါ် ခုန်တက်တော့မလို
တက်ကြွကာစိတ်လှုပ်ရှားနေသောနွေငယ်သည်ပီဘိကလေးတစ်ယောက်နှယ်။

ထိုမြင်ကွင်းလေးကိုမြင်သောစည်းသည်နှလုံးသားတစ်ခုလုံးနွေးထွေးနေခဲ့ပြီးစည်းတို့မိသားစုတစ်ခုလုံး ယခုလိုအမြဲတမ်းတည်ရှိနေနိုင်ရန်သာ တိတ်တဆိတ်ဆုတောင်းမိသည်။ထိုသို့ဖြစ်အောင်လည်း စည်းဘက်ကအစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။

“ ဖေဖေ !! ”

ပိန်ပိန်ရှည်ရှည်ငယ်ငယ်သည် စည်းထပ်အနည်းငယ်သာနိမ့်သောဦးညီရင်ခွင်ထဲရောက်သွားချိန် ပုပုသေးသေးလေးအဖြစ်သာရှိနေဆဲပင်။လေဆိပ်အဆောက်အအုံထဲ လူသွားလူလာများဖြင့်ရှုပ်ထွေးနေပြီးဦးညီ၊စည်းနှင့်ငယ်ငယ်တို့သုံးယောက်မြင်ကွင်းက တစ်မူထူးကာထင်ရှားနေသည်။

★Mr.Right★ [ Completed ]Tempat cerita menjadi hidup. Temukan sekarang