ရုတ်တရက်အသက်ရှူကြပ်လာသည့်တိုင်
မလွှတ်ပေးသေးဘဲအနိုင်ကျင့်နေသူကိုအဝေးတွန်းထုတ်ပစ်လိုက်၏။ကိုယ်ချင်းကွာသွားတော့လည်းတင်းတင်းကျပ်ကျပ်ဖက်ထားခြင်းခံရပြန်သည်။နှစ်ယောက်စလုံးစည်းရုံး ၏နားနေခန်းတွင်ရှိနေခြင်းဖြစ်၏။ယခုလိုမကြာခဏအနိုင်ကျင့်ခံရလိမ့်မည်မှန်းကြိုသိလျှင် စည်းနှင့်ချစ်သူဖြစ်သွားမှုကိုပြန်စဉ်းစားမိမှာဖြစ်သည်။ခဏတဖြုတ်အတွေးလွန်နေတုန်းရှိသေးနွေငယ့်နှာဖျားလေးမှာထပ်ပြီးအကိုက်ခံရသဖြင့်စိတ်တိုမိချေပြီ။
“ စည်း ! ”
မကျေမနပ်စွာပြန်အော်မိကာမှအလျှော့ပေးလာသောစည်းကိုမျက်စောင်းဝင့်လိုက်မိ သည်။ထိုကိစ္စနှင့်ပတ်သက်လာလျှင်စည်းကို ကြိုတင်သတိပေးမှတော်ကာကျတော့မည်။
“ အဟင်း .....ကိုယ့်ကိုအာရုံထဲမရှိဘဲ ဘာတွေတွေးနေတာလဲ ငယ်ငယ်ရ ဟင် ?”
ပြောပြောဆိုဆိုအနားတိုးကပ်လာသဖြင့်ရင်ဘတ်ကိုအမြန်တွန်းထုတ်လိုက်ကာကိုယ်ကိုကွယ်ထားလိုက်ရင်း....
“ တော်.. တော်တော့နော် ပြောစရာရှိတယ် ခဏလေး ! ဖယ်အုံး ..!! ”
နွေငယ့်ဆီမှတားမြစ်သံမှာစည်းအတွက်အရေးမပါပေ။မသိကျိုးကျွန်ပင်ပြုနေသည့်စည်းသည်နွေငယ့်လည်တိုင်ဖြူဖြူလေးဆီသို့ထပ်ပြီးအခြေချရန်စုန်ဆင်းလာချေပြီ။
ပထမဆုံးမဟုတ်သော်လည်းထိုအပြုအမူများနှင့်အသားမကျသေးသောနွေငယ်သည် သည်းမခံနိုင်တော့သည့်အဆုံးစိတ်ဆိုးဟန်ပြုကာ မည်သည့်စကားတစ်ခွန်းမှမပြောတော့ဘဲငြိမ်သက်နေလိုက်၏။ထိုအပြုအမူကိုမြင်မှနွေငယ်၏အသံတိတ်ဆန္ဒပြမှုကိုသတိထားမိသွားသည်။ရှပ်ဖြူဖြူဆီမှအပေါ်ဆုံးကြယ်သီးလေးဆီလှမ်းရန်ရွယ်နေသောလက်တစ်ဖက်ကိုလည်းရုတ်သိမ်းလိုက်တော့ သည်။
“ ဟုတ်ပြီ ဟုတ်ပြီ ကိုယ်နားထောင်မယ်နော်
ငယ်ငယ် ”နဖူးပေါ် ဖွဖွလေးနမ်းပြီးနောက်အလျှော့ပေးလာတော့၏။နားနေခန်း၏မကျဉ်းမကျယ်ဆိုဖာပေါ်တွင်နှစ်ယောက်စလုံးကျပ်ကျပ်ညှပ်ညှပ်ရှိနေသော်လည်းထိုအနေအထားကိုပင်နှစ်သက်သောစည်းက နွေငယ်ကိုဖက်ထားရင်းအတူတကွလှဲလျောင်းနေစေသည်။
YOU ARE READING
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗