ချပ်ခနဲ တံခါးပိတ်သံအဆုံးခြေလှမ်းကျဲတို့ဖြင့်လှမ်းလာသောစည်းကိုငေးနေမိ၏။ရုတ်တရက်ရင်းနှီးသောအငွေ့အသက်တို့နှင့်ရင်ခွင်ကျယ်ကြီးထဲရောက်သွားမှအသိစိတ်တို့ဝင်လာကာစိတ်လည်းအေးသွား၏။အိပ်ရာဘေးနားရပ်နေသောနွေငယ့်ကိုပွေ့ဖက်ထားသောစည်းကအရာအားလုံးကိုမေ့လျော့နေပုံရသည်။စည်းဆီမှတင်းတင်းကျပ်ကျပ်ပွေ့ဖက်ခြင်းခံထားရသောနွေငယ်သည် ခဏကြာသော်အနည်းငယ်ရုန်းကြည့်မိသည်။ထိုအနေအထားအတိုင်းရှိနေသည့်အတွက်စည်း၏မျက်နှာကိုမမြင်ရသလိုစည်း၏အတွေးထဲမည်သို့ရှိကြောင်းသိချင်သေး၏။
ရုတ်တရက်နွေငယ်လည်တိုင်ထက်တွင်စည်း၏ဝင်သက်နွေးနွေးလေးက ရိုက်ခတ်လာသည့်အခါ အသက်အောင့်မိပြန်သည်။စည်းသည်နွေငယ့်လည်တိုင်နှင့်ပခုံးကြားမျက်နှာဖွက်ထားပုံရသည်။မျက်နှာမကောင်းသောစည်းကိုထိုအပြုအမူနှင့်တွဲကြည့်လိုက်သည့်အခါ တစ်ခုခုဖြစ်နေမှန်းအတည်ပြုလိုက်မိပြီ။
အတန်ကြာသည့်အထိလွှတ်မပေးသဖြင့်
နွေငယ်ဘက်ကပင် ရင်ခွင်ထဲမှရုန်းထွက်ပြင်လိုက်သည်။သို့သော် စည်းကလွတ်မြောက်ခွင့်မပေးသည့်အပြင် ပို၍တင်းကျပ်စွာဖက်လာခဲ့သဖြင့် အသက်ရှူကြပ်သွားရပြန်သည်။“ စည်း ~~ ”
ထိုသို့ခေါ်မိတော့လည်းစည်းက ဂရုမစိုက်သဖြင့် ဘာတွေဖြစ်နေမှန်းခန့်မှန်း၍မရ။ရင်ခွင်ထဲမှ တင်းတင်းကြပ်ကြပ်ဖက်ခြင်းခံထားရသောနွေငယ်သည် ထိုအပြုအမူကိုနှစ်သက်သော်လည်း စည်း၏စိတ်ခံစားချက်ကို အတည်ပြုရန်လည်းလိုသေးသည်။
နောက်ထပ်တစ်ကြိမ်အားကုန်သုံးရုန်းကန်မိသည့်အခါမှ စည်းဘက်ကလျှော့ပေးလာခဲ့သည်။စည်းအခန်းထဲရောက်ကတည်းကဘေးနားတွင်ပစ်ချခြင်းခံလိုက်ရသောစည်း၏အပြင်ခံကိုကောက်မည်လုပ်တော့စည်းကအဝေးကိုကန်လွှင့်ပစ်လိုက်သဖြင့်စည်း၏အပြုအမူကိုမျက်လုံးပြူးကာကြည့်မိသည့်နွေငယ်။
“ ဘာလို့.... ”
ထိုအခါ ရုတ်တရက်စည်းကနွေငယ်မျက်လုံးပြူပြူးကလေးကိုလက်နှင့်ကာလိုက်၏။အမြင်အာရုံကွယ်သွားသောနွေငယ်သည်စည်း၏မျက်နှာကိုမမြင်ရတော့သဖြင့်
ထိုလက်တို့ကို ဖယ်မလိုလုပ်ရင်း....
YOU ARE READING
★Mr.Right★ [ Completed ]
Romance' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗