Part [ 11 ]

425 37 7
                                    


ရေချိုးပြီးချိန်အိပ်ရာနံဘေးစားပွဲပေါ်တင်ထားသော ရောင်စုံအလှကျောက်များကို ခဏကြည့်လိုက်ပြီးနောက် ဖုန်းကိုကောက်ကိုင်လိုက်၏။ဖေဖေနှင့်အဆက်အသွယ်မရသည်မှာ ၇လနီးပါးရှိနေပြီး ဖြစ်သည်။

ဖုန်းဖွင့်ဖွင့်ချင်း စာများတတောင်တောင်ဝင်လာ၏။ထိုစာများကို ကြည့်လိုက်တော့
ဖေဖေ့ဆီမှဖြစ်နေသည်။မျက်နှာသုတ်ပဝါကိုပခုံးပေါ်အမြန်တင်လိုက်ပြီး ဖေဖေပို့ထားသောပုံများနှင့်စာကိုစိတ်လှုပ်ရှားစွာကြည့်လိုက်၏။ထို့နောက် နွေငယ့်မျက်လုံးတို့ ဝင်းပသွား‌တော့သည်။

နွေငယ်နှင့်မေမေ့ကိုသတိရကြောင်းနှင့်အတူအမြန်ဆုံးပြန်လာမည်ဟူသောအကြောင်းများ။ထို့ပြင် ငယ်ငယ်သဘောကျလေ့ရှိသောပုံများကိုပါ ပို့ထားသေး၏။ဖေဖေသည်ဤနည်းဖြင့်ဟိုးယခင်ကတည်းက နွေငယ့်ကို
နှစ်သိမ့်လေ့ရှိ၏။ဖေဖေ့အကြောင်းတွေးလိုက်သည်နှင့် နွေငယ့်အတွေးတို့လုံခြုံသွားရတော့သည်။

ကုတင်ပေါ်ထိုင်လိုက်ပြီးနောက်ဖေဖေ့ပုံကို
ကြည့်မိပြန်၏။စည်းလိုပင် နွေငယ့်အပေါ်အလိုလိုက်ချစ်ခင်သောဖေဖေ့ကို သိပ်လွမ်းသည်။နွေငယ်တို့မိသားစုတွင်မေမေကစည်းကမ်းတင်းကျပ်တတ်သော်လည်း ဖေဖေကတော့နွေငယ်အပေါ်အမြဲအလိုလိုက်လွန်းသူဖြစ်၏။

‌ဖေဖေပို့ပေးထားသောမလက္ကာရေလက်ကြား
မှ နေဝင်ဆည်းဆာပုံတို့ကိုကြည့်ပြီး နွေငယ်တစ်ယောက်ပျော်မဆုံးဖြစ်ရပြန်၏။‌ နောက်ထပ်အကြောင်းရင်းမှာ ဤတစ်ခေါက်ဖေဖေ့၏ ပင်လယ်ခရီးစဉ်ကနောက်ဆုံးဖြစ်ပြီးနွေငယ်တို့ဆီ အပြီးပိုင်ပြန်လာတော့မည်ဆို၍ပင်။

ပင်လယ်ကိုနောက်ခံထားပြီးအသိလုပ်ဖော် ကိုင်ဖက်တစ်ယောက်၏ပခုံးကိုဖက်ပြီး
ပြုံးနေသောဖေဖေ့ပုံက နွေငယ့်ကိုပိုပြီးအလွမ်းပြေစေသည်။ဖေဖေ့ရုပ်ရည်သည်
နွေငယ်ကလေးဘဝကတည်းကအတိုင်း
မပြောင်းလဲသလို နုပျိုနေဆဲပင်။

ဖေဖေ့ကိုလွမ်းတိုင်း ဖေဖေပို့ပေးထားသော ဓာတ်ပုံတို့ကိုသာကြည့်ပြီးအလွမ်းဖြေရသည်။ပင်လယ်ပြင်အောက်မှ ကျောက်အမျိုးမျိုးတို့၏ပုံများအပြင် တခြားသော
ထူးထူးဆန်းဆန်း ပင်လယ်အလှတရားပုံများကို နွေငယ့်ဆီပို့ပေးလေရှိသည်။ထိုသို့သော ထူးထူးဆန်းဆန်းပုံများကို နွေငယ်လည်းအရမ်းနှစ်သက်သည်။

★Mr.Right★ [ Completed ]Tempat cerita menjadi hidup. Temukan sekarang