Part [ 21 ]

358 28 5
                                    


အဖျားများအရှင်းပျောက်သွားသည့်မနက်ခင်း၌ကျူးလစ်ဆီရနံ့သင်းနေသော ရေကန်ငယ်ထဲအတန်ကြာသည်အထိစိမ်လိုက်သဖြင့်လန်းဆန်းသွားသည်။

ထို့နောက် မနေ့ကပို့ထားသော စာတိုလေးကိုကြည့်ပြီး နွေငယ်စိတ်ထဲပျော်ရွှင်နေမှုကထိန်းချုပ်၍မရခဲ့။ဘယ်ဘက်ရင်ဘတ်ဆီလက်ဖဝါးလေးတင်ကြည့်ချိန် စည်းချက်မှန်မှန်လှုပ်ရှားနေသော နှလုံးခုန်နှုန်းကကြည်နူးဖွယ်။

မမြင်ရသေးသော ရင်ခုန်စိတ်လှုပ်ရှားစရာအနာဂတ်အကြောင်းတွေးကြည့်မိချိန် စည်းတစ်ယောက်တည်းရှိရုံနှင့်တင်လုံလောက်နေပြီဟု ကြွေးကြော်နေမိသည်အထိ။

လက်ထဲမှဖုန်းကိုချလိုက်ပြီးနောက် ရေချိုးခြင်းကိုပါအပြီးသတ်လိုက်သည်။ယနေ့အလုပ်သွားမည့်စည်းနောက်သို့ လိုက်ရှုပ်ရန်ဆုံးဖြတ်လိုက်သည်။စာတိုကို ပြန်ပို့ခြင်းမရှိခဲ့သဖြင့်စည်းဘက်ကမည်မျှလောက်လွမ်း ဆွတ်နေမည်ကို သွားပြီးအတည်ပြုချင်နေပြီ။

ရှပ်အဖြူကို တံတောင်ဆစ်နားထိခေါက်လိုက်ပြီးသည်နှင့် ရင်ဘတ်မှကြယ်သီးများကိုတပ်ထားလိုက်သည်။ဂျင်းဘောင်းဘီဒူးအပြဲလေးနှင့်တွဲဖက်လိုက်ချိန်လိုက်ဖက်နေမှုက ရာခိုင်နှုန်းအပြည့်။

နီညိုရောင်ဆံသားလေးများကိုဂျယ်အနည်းငယ်ထောင်လိုက်ပြီး စပရေးဖြန်းလိုက်သည်။စည်းနှင့်တံဆိပ်တူရေမွှေးလေးကိုပါ အနည်းငယ်ဆွတ်ပြီးချိန် အပြည့်တပ်ထားသောကြယ်သီးများကိုတစ်ချက်ကြည့်ကာ ခပ်ဆိုးဆိုးအပြုံးတစ်ခုပေါ်လာ၏။

ရင်ဘတ်မှ စီတန်းနေသောကြယ်သီးသုံးလုံးကိုဖြုတ်ပြီးသည်နှင့် ပခုံးသားနှင့်အတူရင်ဘတ်ဖြူဖြူ‌လေးပါပေါ်လာချိန်သဘော ကျစွာရယ်မိသည်။

ထို့နောက် ဆူပူလာမည့်စည်း၏ စကားသံများအကြောင်းတွေးမိတော့ နွေငယ်အပြုံးတို့မထိန်းနိုင်တော့ပြီ။

နှုတ်ခမ်းစွန်းများကော့တက်နေသည့်မိမိအပြုံးကို မြင်သည့်အခါမှအသိဝင်လာသောနွေငယ်ကပါးနှစ်ဖက်ကို ဖွဖွလေးပုတ်ရင်းစိတ်ထိန်းလိုက်သည်။

★Mr.Right★ [ Completed ]Where stories live. Discover now