ငယ်ငယ့်သီးသန့်အခန်းထဲမှထွက်လာစဉ်ဘုရားခန်းမှထွက်လာသောမေမေနှင့်ဆုံလေသည်။အစကငယ်ငယ့်အတန်းချိန်နောက်ကျမည်စိုးသဖြင့်နှိုးမည်ပြုသော်လည်းပိတ်ရက်ဖြစ်ကြောင်းသတိရမိသည်နှင့်မနှိုးဖြစ်ခဲ့။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောငယ်ငယ်မျက်နှာလေးကိုတစ်ခဏငေးပြီးအနမ်းသူခိုးလေးလုပ်ခဲ့သည့်စည်းသည်ကိုယ့်အဖြစ်ကိုတွေးရင်းတိတ်တဆိတ်ပြုံးလိုက်ချိန်မေမေနှင့်ဆုံလိမ့်မည်ဟုထင်မထားခဲ့ပေ။
စည်း၏အလုပ်နားရက်လည်းဖြစ်သဖြင့်အောက်ထပ်တွင်အလုပ်လုပ်ရင်းငယ်ငယ်နိုးလာမည့်အချိန်ကိုစောင့်ပြီး မနက်စာအတူတူစားရန်ဆုံးဖြတ်ထားသည်။
ထိုစိတ်ကူးလေးသည်မေမေ၏မကြည်သလိုအကြည့်တစ်ချက်ကြောင့် ပျက်ပြယ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ငယ်ငယ့်အခန်းရှေ့တွင်မေမေနှင့်ဆုံချိန်မေမေ့အကြည့်တို့တွင်အလိုမကျမှုတို့ကိန်းအောင်နေသည်ဟုခံစားမိသည်။
စည်း၏မသိစိတ်အရခံစားမှုဟုပင်တွေးရမည်လား သို့မဟုတ် ကိုယ်တိုင်၏မလုံမလဲစိတ်ကြောင့်ပင်တွေးရမလားပင်မသိတော့။
စည်းထံမှအကြည့်တို့ကိုလွှဲရင်း အောက်ထပ်သို့ဆင်းသွားသောမေမေ့နောက်သို့ စည်းလည်း တိတ်တဆိတ်ပင်လိုက်သွားလေသည်။ဧည့်ခန်းထဲစာရင်းတချို့ရှိရာဆီ
ထိုင်မိချိန်မေမေကလည်းထူးထူးဆန်းဆန်းပြောစရာများရှိသလိုပြုမူကာ စည်းအနား
ထိုင်နေသည်။ခဏကြာသည်အထိဘာမှပြောမလာသေးသောမေမေကြောင့်စည်းလည်းအလုပ်စလုပ်ခဲ့၏။“ သားနဲ့ငယ်ငယ်က ဘာတွေလဲ ”
အလုပ်ထဲအာရုံရောက်လုနီးနီးအချိန်တွင်
မေမေ့ဆီမှထွက်လာသောစကားတို့ကြောင့်အလုပ်ကိစ္စမေးလ်ပို့နေသောစည်း၏လက်တို့ မှာ ခေတ္တရပ်တန့်သွားတော့၏။“ ဟင် ! ”
စည်း၏အာမေဍိတ်အသံနှင့်အတူပြောစရာ စကားတို့တိတ်သွားသည့်တစ်ခဏတွင်
မေမေ၏အလိုမကျသောအကြည့်တို့ကျရောက်လာသည်။ထိုအကြည့်တို့တွင်အရာရာကိုဖောက်ထွင်းမြင်နိုင်သောအကြောင်းပြချက်တို့ဖြင့် ပြည့်နှက်နေခဲ့ပြီးစည်းနှင့်ငယ်ငယ်အကြောင်းကိုပါ မေမေသိသွားလောက်ပြီးဟုထင်ရ၏။သို့သော်လည်း စည်းဘက်ကလွယ်လွယ်နှင့်ဝန်မခံချင်ခဲ့ပေ။

KAMU SEDANG MEMBACA
★Mr.Right★ [ Completed ]
Romansa' စိတ်ကူးဆိုတာ လက်တွေ့လောက်မထိရောက်သလိုမျိုး ကိုကိုတို့စိတ်ကူးယဉ်လွန်ခဲ့ကြတာလား ငယ်ငယ် ' [ More Than Brothers ] [ အထက်စည်း + နွေသက်တံ့ငယ် ] [ Fictional Characters ] ❗5.8.2023 မှ 26.10.2023❗