(0)

9.1K 334 2
                                    

Unicode

လေတွေတဟုန်ဟုန်တိုးဝှေ့၍မျက်နှာပေါ်သို့လာရိုက်ခက်သည်။
အေးချမ်းနေတဲ့ညချမ်းချိန်မှာ
သူ့မျက်နှာပေါ်မှာ ရေတွေတစပ်စပ်နဲ့။
တစ်နည်းအားဖြင့်မျက်ရည်တွေ။

အတော်ကြာငိုနေလို့လည်းပြီးသွားမှာမှမဟုတ်တာ၊အားလုံးကလွန်ကုန်ပြီလေ။

မှန်ဘောင်ဓာတ်ပုံထဲပြုံးရယ်နေကြတယ်
လူအချို့ကကိုယ်အပါအဝင်။
အဲ့နောက်ကွယ်မှာ ရှုပ်ထွေးတဲ့အရာတွေဖြစ်ပျက်နေတယ်ဆိုတာဘယ်သူကမှမသိကြဘူး။

အပြုံးအရယ်တွေကပုံစံအစစ်ဘယ်တော့မှဖြစ်မလာနိုင်ဘူး။

"ထယ်ယောင်း နက်ဖြန်ငါတို့လျှောက်လည်မှာမမေ့နဲ့နော် ^_^ "

"ဟုတ်ပါပြီကွာ လုံးဝမမေ့‌စေရဘူး"

တဖက်လူဆီမှာဆို ပျော်ရွှင်တယ်လို့အရိပ်ယောင်တွေ ပေါ်လာလိမ့်မည်။

လက်တွေ့မှာ မျက်ရည်တွေတစပ်စပ်နဲ့။

⌨︎ J u S t

သူငယ်ချင်းတွေနဲ့ရယ်မောကာလျှောက်လည်ပြီးအပြန် အိမ်ကိုမပြန်ချင်သေး။
အိမ်ထဲဝင်လိုက်ရင်ပင်ပန်းသလိုခံစားလာရလို့။ဒါမယ့် နားခိုရာအရိပ်လေးကတော့
သူ့ကို‌စောင့်ကြိုနေလိမ့်မည်။

လူသံသူသံတွေဆူပူနေသည်။ ကလေးရယ်သံတွေ။မုန့်ဈေးတန်းအသံတွေ။
ပန်းခြံ။သူပန်းခြံမှာ ခဏဝင်ထိုင်နေလိုက်သည်။စိတ်တွေတည်ငြိမ်အောင်လုပ်ပေးတာရယ်ဆိုလို့  ဒီပန်းခြံငယ်အသေးစားလေးဘဲရှိတာ။

မွန်းကြပ်တာတွေကိုဖြေဖျောက်ပေးတဲ့တဦးတည်းသောလေး။

တဖြည်းဖြည်းနဲ့မှေးစင်းလာတဲ့မျက်လုံးအိမ်ကအိပ်ချင်နေသည်ဟုဆိုကာနေသည်။ စာအုပ်‌အလယ်နေရာကိုနှစ်ဖက်ဖြန့်လိုက်၍ ခေါင်းပေါ်သို့ တင်ကာ
ခနအိပ်စက်အနားယူနေလိုက်သည်။

တစ်စက်စ နှစ်စက်စ သုံးစက်စ မကတော့ဘဲတဖြောက်ဖြောက်ဖြင့်မျက်ရည်မဟုတ်တဲ့မိုးရေတွေ။
ဆက်အိပ်နေဆဲဘဲ။မိုးရေထဲမှာတခါလောက်တော့ အကြာကြီးလွတ်လပ်ရာငှက်တကောင်လို နေကြည့်ချင်မိသည်။

[Just] CompletedWhere stories live. Discover now