(20)

1K 68 2
                                    

Unicode

" မနက်ကတည်းက ဘာမှမစားရသေးဘူးမလား ၊ စားလိုက် "

ကိုရီးယားရိုးရာ ထမင်း ဟင်းစုံလိုက် စားပွဲပေါ်လာချသည်။ မောင့်အမိန့်တွေနဲ့ကြိုးဆွဲရာ ကမည့် ရုပ်သေးရုပ်တရုပ်လို့မင်းထင်နေရင် မင်းအကြီးကြီးကိုမှားသွားမည်။

" ထွက်သွား "

" မစားမချင်းထွက်မသွားနိုင်ဘူး ၊ အဲ့တာကြောင့်မြန်မြန်စားပါ  "

ထမင်းပူ ဟင်းပူ နွေးနွေးတို့သည် စားချင်စဖွယ်ကောင်းနေမှာတော့ မလွဲမသွေ။ ဒါပေမယ့် တနေရာရာက ခြောက်ကပ်နေတယ်လို့ ခံစားရတယ်။
စိတ်ရိုင်းတွေနဲ့များ ချက်ခဲ့သလား။

" ကောင်းပြီ ၊ အဲ့တာဆို ရပ်နေ "

" မဆိုးပါနဲ့ "

" ငါကငါချစ်တဲ့သူ‌အ‌ပေါ်မှာဘဲ ဆိုးတာပါ ၊  ရွံ့စရာတွေလာပြောမနေနဲ့ "

" မောင့်ကိုမချစ်ခဲ့ဘူးလို့ဆိုလိုချင်တာလား "

" ဘယ်ကမောင်တွေလာပြောနေတာလည်း ၊ သူ့ကို သဂြိုလ်ခဲ့ပြီလေ"

" အားပြတ်သွားမယ် ၊ ငါကိုယ်တိုင်ချက်ထားတဲ့ ထမင်းမဟုတ်တာကြောင့် စိတ်သန့်သန့်နဲ့စားလို့ရတယ် "

ချစ်တယ်။ပြန်အရည်ပျော်အောင်လုပ်‌တဲ့နေရာမှာလည်း မောင်တော်တာဘဲ။
မောင်ရယ်...ထွက်သွားလိုက်တော့ပေါ့။ဘာလို့ အောက်ကျို့ပေးနေလည်း။မောင်အဲ့လိုလုပ်လေ ငါပိုခံစားရတယ်ဆိုတာ
မောင်သိသင့်ဖို့ကောင်းတယ်။

" ငါ့အပေါ်လျိုဝှက်ထားတာ...... ရှိနေတယ်မလား "

" အလုပ်မှာကိုယ်ရေးကိုယ်တာကိစ္စတွေ မပြောပါရစေနဲ့ "

" ငါပြောခိုင်းနေတယ်လေ "

လျိုဝှက်ချက်တွေသိပ်များလွန်းတဲ့ မောင့်စာမျက်နှာတွေကို လှန်လျောကြည့်ချင်မိတဲ့ငါ့စိတ်ကို မတားချင်ပါနဲ့။

" အင်း ရှိတယ် "

" ဘာလို့ မပြောပြခဲ့ရတာလည်း "

" မင်းကငါ့အတွက်ဘာမှမဟုတ်တဲ့သဲမျှင်စလေးထက်မပိုခဲ့လို့ပေါ့ "

ခါးသီးနာကျင်စေသော စကားတွေကိုရေရွတ်ဖတ်ပြတော့ အသက်မဲ့နေသောနှလုံးသားငယ်သည် တုံ့ပြန်နိုင်ခြင်းမရှိလေတော့။

[Just] CompletedWhere stories live. Discover now