(22)

934 65 6
                                    

Unicode

ဆိုးလ်။

ဘယ်လိုရောက်လို့ရောက်လာမှန်းမသိ။
မသိချင်တာလည်းပါသည်။
ဖြူအုနေတဲ့တိမ်တိုက်အစုအဖွေးတို့ကိုသာ ငေါင်ငေါင်ကြီးကြည့်နေမိတော့သည်။

လေဆိပ်မှာ လူသံသူသံအချို့ အုပ်ကျက်ကျက် အသံမျိုးစုံကို ကြားနေရသည်။ မြင်နေရတဲ့လူမြင်ကွင်းကြီးတွေ။ သို့သော်

သူ၏ နားစည်ထဲမှာစွဲနေတာကတော့
အသံလေးတသံ။
ချိုမြသာယာပေမယ့်ထွက်ကျလာသောစကားလုံးတွေတလုံးချင်းစီက
ရင်ကိုဓါးနဲ့ခွဲသလို အစိတ်စိတ်အလူးလူး
နာကျင်ခံစားရသည်။

( " မောင့်ဘဝမှာ မောင်တယောက်တည်းဖြတ်သန်းသွားလည်းရတယ် " )

မောင်ကသိပ်ရယ်ရတာ။ နာကျင်စေတဲ့စကားတွေပြောပြီး အဆုံးသတ်အပိတ်စကားကျ

(" သိပ်ချစ်တာတော့သိပေးပါယောင်းငယ်") တဲ့။

မျက်စိအဆုံးနားမှာ တွေ့နေရတဲ့ ချစ်သူစုံတွဲတတွဲ။
ကောင်လေးနဲ့ကောင်မလေး ရင်ခွင်ထဲ တယောက်နှင့်တယောက် အနွေးအထွေးတွေ စွဲယူပြီး ခရီး‌ဆောင်အိတ်ကိုင်ထားတဲ့ ကောင်လေးက
ကောင်မလေး ပါးပြင်ကမျက်ရည်တွေ
အလိုက်တသိ သုတ်ပေးနေရှာသည်။

တဆက်တည်းမောင့်ကိုမြင်ရတဲ့ နောက်ဆုံးပုံရိပ်လေးက အမြင်အာရုံထဲသို့ ဖြတ်ကနဲ ဝင်ရောက်လာသည်။

ထွက်ခွာသွားဖို့ အသင့်ဖြစ်နေသည့် ကားတစ်စီးဆီ ရောက်အောင်ပို့ပေးသည့်မောင်ရယ်ပါ။
မောင်က‌လေ
လည်သလိုလိုနဲ့အရမ်း အ , တာ။
မောင့်မျက်ဝန်းလေးတွေထဲမှာလည်း မျက်ရည်ဥ တွေ ‌ကန်ရေပြင်လို ကြည်ပြည့်နေတာ ငါမသိဘူးများမှတ်နေသလား။

" တကယ်ပြောစရာမရှိတော့ဘူးလား မောင် "

" မရောက်တာကြာတဲ့ မွေးရပ်မြေ‌မှာပျော်ခဲ့ပါ ယောင်းငယ် ၊ ယောင်းငယ်ပျော်ရင် မောင်ကျေနပ်ပြီ "

ကျွန်‌တော်ပြောချင်သောဆိုလိုရင်း အနက်အဓိပ္ပာယ်ကို သိရဲ့နဲ့ နားမလည်သလိုဖြေတတ်တဲ့မောင်ဟာသိပ်တော်သည်။

" ငါပြောတာအဲ့အဓိပ္ပာယ်မဟုတ်ဘူးမောင် ၊ စေ့စပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုပြောစရာမရှိတော့ဘူးလား "

[Just] CompletedWhere stories live. Discover now