(3)

1.8K 130 10
                                    

Unicode

အထုပ်ပိုးတွေကိုစတင်ပြင်လိုက်သည်။စိတ်တွေက လေးလံနေသလို။ ရေမြေရပ်ခြားဆီသူမသွားချင်ဘူး။
" ကျွန်တော့်အတွက် ဒါရိုက်တာရာထူးကအရမ်းကိုကြီးပါတယ် မသင့်တော်ပါဘူး"
" မင်း 10 နှစ်လုံးလုံးလုပ်ခဲ့တဲ့အကျိူးကျေးဇူးတွေလို့မှတ်ယူလိုက်ပါ"

လေယာဉ်မှီအောင်‌စောစောကြိုထရသည်။ ရာသီဥတုကအေးခဲလွန်းနေသည်။
လေယာဉ်ပေါ်တက်တော့ Heater ဖွင့်ထားသည်။
မာဖလာ၊ခေါင်းစွပ်တွေကိုချွတ်လိုက်သည်။ 14 နာရီလုံးလုံး လေယာဉ်ပေါ်မှာဆိုတော့ ဒါတွေက ဝတ်ထားရတာရှုပ်သည်လေ။

လေထုအေးအေးကအရင်ကြိုဆိုသည်။
ဒီရာသီဥတုက ပိုတောင်အေးနေသည်။
အညိုရောင်ဆန်ဆန် အုတ်တွေနဲ့ဆောက်ထားတဲ့ တိုက်အဆောက်အအုံတွေ။

နေပူနေသည်ဒါပေမယ့်အရမ်းအေးနေသည်ခုမှရောက်တဲ့ကျွန်တော့်အတွက်။
ကလေးလူကြီးတွေလမ်းလျှောက်နေကြသည်ချစ်စရာကောင်းလိုက်တာ။

ကျွန်တော်ခုရောက်နေတာက
Old Montreal တဲ့။ အိုဟောင်းခြင်းတွေပြည့်နှက်နေတဲ့ Montreal မြို့အစပေါ့။
ထိပ်ဦးစွာ မျက်စိအဆုံးလှမ်းမြင်နေရသောမြင်ကွင်းကသိပ်လှသည်။

လမ်းလျှောက်ရတာအတော်ကြာနေပြီဖြစ်သည်။ ဆက်ပြီးမလျှောက်နိုင်တော့တဲ့ခြေလှမ်းတွေကို အနားပေးရန် ဆိပ်ကမ်းနားတွင်ရှိတဲ့ ကော်ဖီဆိုင်မှာဝင်ထိုင်လိုက်သည်။

အချိန်ဆွဲပြီးထိုင်သောက်ဖို့ ပေါမနေသည့်အတွက် အအေးခွက်ဗူးနဲ့သာ ကော်ဖီကို ပိုက်ဖြင့်စုပ်ယူသောက်လိုက်တော့သည်။

သောက်လို့လည်းကုန်သွားတာတောင်
ဆက်သောက်ချင်နေအောင်ဆွဲဆောင်နေတဲ့ ကော်ဖီကို ရေခဲကြားကနေ မရမကစုပ်ယူသောက်တော့သည်။အပြီးအပြတ်ကုန်သွားပြီဆိုကာမှ ခုံပေါ်သို့ ချထားလိုက်တော့သည်။

" ဟေ့ အမှိုက်မပစ်ရဘူး ၊ မသိဘူးလား "

ဩရှရှအသံ ? ။ ရင်မှာစွဲငြိနေရတဲ့အသံနဲ့
တထပ်တည်းကျစွာ။ကျွန်တော်နောက်ကိုလှည့်မကြည့်ရဲ‌ေသးဘူး။ထိုအသံက English အသံဆိုပေမယ့်ခံစားရတဲ့ ခံစားချက်သည် ဟိုးအချိန်တွေက ခံစားချက်နဲ့ တူနေသလားလို့လေ။

[Just] CompletedWhere stories live. Discover now