Unicode
မောင့်ဘက်ကလည်း စကားစပြောခြင်းမရှိသလို ကျွန်တော့်ဘက်မှလည်းစကားစပြောခြင်းမရှိ။
ဆိုဖာပေါ်တွင် laptop ဖြင့် သာတစိုက်မတ်မတ် အလုပ်လုပ်နေပါသော
မောင့်ကို ကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျတော့မည်။" ဘယ်လဲ "
မောင့်ဘက်ကမေးခွန်းစထုတ်လာသည်။
ကျွန်တော်ကတော့ နောက်ကျောပေးကာလျစ်လျူရှူထားဆဲ။" တနေရာပါ "
" မောင်လိုက်ခဲ့မယ် "
" တယောက်တည်းသွားချင်တာ"
မောင့်ဘက်က ဘာစကားသံမျှထွက်မလာတော့ပေ။ သွားခွင့်ပြုသည်ဆိုတဲ့ အဓိပ္ပာယ်ကိုဆိုလိုတယ်ထင်ပါသည်။
ခပ်သုတ်သုတ် တံခါးဖွင့်ပြီး ထွက်ခဲ့လိုက်တော့သည်။ကောင်းကင်ယံသည် မိုးသားတိမ်လိပ်တွေနဲ့ နစ်မြုပ်နေသည်။ မထူးပါလေစွ။ထီးလည်းပါတော့အထွေထူးစိုးရိမ်နေစရာမရှိပေ။
ချမ်းစိမ့်စိမ့်ရှိသော လေတို့သည် အနွေးကုတ်ကို ဖောက်ပြီး အတင်းဝင်တိုးသည်။
မှန်ဘောင်ထက်ကနေ လှမ်းမြင်နေရသော
အင်ဟာ၏ ပုံရိပ်။" ဘာလို့ change လိုက်တာလည်း ၊ နင့်မောင်ရော "
" ရန်အသေးမွှားဖြစ်ထားတယ် "
" ငါယုံရမှာခက်ခဲတယ် ၊ မောင်ကအလျော့မပေးလို့လား"
" ငါအပြင်ထွက်လာတော့ ဘယ်လဲ လို့တော့မေးတယ် "
" နင့်ဘက်က တင်းနေတာဘဲ ၊ မောင်ကနင့်ကိုသိပ်ချစ်တာ ၊ နင်လျစ်လျူမရှူထားသင့်ဘူး "
" ဟင့်အင်း ၊ ငါအသိဆုံးပါ သူငါ့ကိုမချစ်ဘူး "
ဘေးဘက်က စားပွဲဝိုင်းတွင် မုန့်လာစားကြသော မိသားစုတစု။ အသိုက်အမြုံလေးက နွေးထွေးပြီးကြင်နာဖို့ကောင်းနေရော။
တခြားဝိုင်းတွင်လည်း ချစ်သူစုံတွဲ ဒါမှမဟုတ် သူငယ်ချင်းအုပ်စုတွေ။ကျွန်တော်အားကျလိုက်တာ။
" ငါတို့ကလွဲပြီး အားလုံးကပျော်ရွှင်နေကြပုံဘဲနော် အင်ဟာ"
" သူတို့မှာလည်း ငါတို့မသိတဲ့ အရာတွေ
ခက်ခဲအဆင်မပြေမှူတွေရှိရင်ရှိမှာဘဲလေ၊ အပေါ်ယံကိုကြည့်ပြီး ယှဉ်တွဲလို့မရဘူး "
YOU ARE READING
[Just] Completed
Fanfictionဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~