(12)

848 57 2
                                    

Unicode

" Kim နိုးလာရင် ပေါင်မုန့်လေးဖြစ်အောင်ကျွေးပေးပါ"

" ကျွန်တော်ပြန်တော့မှာ ၊ နောက်ပြီး...

သူ့ထံပါလာတဲ့အမည်းရောင် အိပ်ကပ်ထဲမှ အအေးဗူး တနည်းအားဖြင့်နို့အအေးဗူးလေး။ လက်လှမ်းပြီးပေးသည်။

" ဒါလေးသာ သူ့ကိုပေးလိုက်ပါ "

ခပ်သုတ်သုတ်ပြောပြီး ထွက်သွားလေတော့သည်။ ရပ်ပြီးကြောင်နေမိတာ။ အိမ်ရှေ့ထိတောင်သေချာလိုက်မပို့လိုက်ရ။

ဘာလဲတော့မသိဘူး၊ ဂျောင်ဂုဆိုတဲ့လူထွက်သွားပြီးပြီချင်း Kim နိုးလာသည်။
‌တမြို့ထဲမှာ အတူရှိနေတာတောင်
ပေးတွေ့ခွင့်မပေးတဲ့ ကံကြမ္မာပါလေ။

သူအိမ်အပြင်ကိုခြေလှမ်းတွေအရောက်မှာ
နိုးထမလာတာကြာပြီဖြစ်တဲ့သူ့မျက်လုံးတွေကဖွင့်လာခဲ့တယ်။
အလင်းတန်းလေးထွက်ခွာသွားခဲ့ပြီတဲ့။
အမှောင်ထဲမှာ ထပ်ပြီးလမ်းပျောက်ရမှာပါအုံးလား။

" ရော့ "

" မောင် ? သူလာသွားတာလား အင်ဟာ "

" အင်း ၊ သောက်လိုက်တဲ့ "

" ဟင့်အင်း ငါမသောက်ချင်ဘူး ၊ သူကိုယ်တိုင်တိုက်တဲ့ သူကိုယ်တိုင်ပေးတဲ့ အအေးဗူးဘဲငါသောက်ချင်တာ "

" ကလေးလည်းမဟုတ်ဘဲ Kim ဟာ.."

" မောင် ပျောက်သွားမှာ ငါကြောက်တယ် ၊ ငါ့ဆီကထွက်သွားမှာလည်းကြောက်တယ် "

ရှိုက်ကြီးတငင်ငင် ငိုတော့သည်။ စိတ်အရမ်းမာတဲ့ Kim ဒီလိုငိုတာမြင်ဖူးတာ ပထမဆုံးဘဲ။ ‌ကျောပြင်လေးကိုပုတ်ပေးပြီးချော့မြူလိုက်သည်။

နောက်ဆုံးတွေ့ဆုံခြင်းလား။
3 လရှိခဲ့ပြီ မောင်နဲ့ကျွန်တော်မတွေ့ရတာ။
မောင် ဘာတွေလုပ်နေလည်း။
အပြင်မှာ ရွာနေတဲ့မိုးတွေက အလွမ်းတွေကိုပိုပြင်းထန်အောင် ဖြည့်စွက်ပေးနေသလိုဘဲ။

မြေပြင်လမ်းတွေက ရေစက်တွေနဲ့စိုစွတ်နေပေမယ့် ကျွန်တော့်ရင်ဘတ်ထဲမှာတော့ ခြောက်ကပ်နေဆဲ။

ဆေးလိပ်တွေကိုဖြတ်မရအောင်စွဲလန်းနေမိတာ။မောင့်ကြောင့်လားဆိုတာတော့မပြောတတ်။

[Just] CompletedWhere stories live. Discover now