(9)

974 73 2
                                    

Unicode

ကျွန်းသားစစ်စစ်ကိုအသုံးပြုထားသည့်
ကျွန်းညိုရောင် စားပွဲကြီးပေါ်တွင်
စိတ်ရှိလက်ရှိ ခပ်တင်းတင်းဖြင့် ဆုတ်ချေထားတဲ့ ဓာတ်ပုံအပိုင်းအစအချို့။

ဓာတ်ပုံထဲမှာတော့ ပျော်ရွှင်မှူအရိပ်ယောင်တွေပြည့်နှက်နေပေမယ့်ကြည့်သူအဖို့တော့ ဓားနဲ့ရွယ်ချိန်ရန်ထိတိုင်လုံလောက်စေသည်။

ခပ်တိုးတိုးရေရွတ်ရင်း
" ငါမင်းကို Canada ပို့တာ အစုတ်ကောင်နဲ့တွေ့ဖို့လား Kim Taehyung ! ! ! "

ကျိန်းဝါးသံကြီးပြီးဆုံးသွားတာနဲ့ အပြစ်ကင်းမဲ့စွာလှပနေသော ပန်းအိုးကိုခွဲပလိုက်သည်။ ပန်းအိုးထဲမှ ပန်းလေးတွေဟာလည်း မလှမပ ဓာတ်ပုံအပိုင်းအစလေးပေါ် ကျသွားလို့လေသည်။

" ဒီကောင် ကမင်းရဲ့ အတွင်းရေးမှူးဖြစ်ခဲ့တယ်ဆို "

" ဟုတ်ပါတယ် ဘာလို့လဲ အကိုကြီး"

" ဒါရိုက်တာရာထူးလည်းပေးထားတယ်ဆို "

" ထိုက်လို့ပါ ၊ ဂျောင်ဂုက/

" ငါ့သား ရဲ့ Stalker အဖြစ်ခန့်မယ် ၊ ငါ့သားလက်ထပ်ပြီးရင်တော့ ငါ့သားရဲ့အတွင်းရေးမှူးအဖြစ်နေရာချမယ် "

မနက်စာစားချိန်တွင် ရက်စက်ကြမ်းကြုတ်တတ်သည့် ဟန်နှင့် အေးစက်စက်စကားတွေကို ဆိုနေတော့ ဘာကိုမှ ဆက်မပြောဘဲ အလိုက်သင့်သာ
ပြန်ပြောလိုက်သည်။

တခါမှ ကိုယ့်ညီအကြောင်းကိုစိတ်လုံးဝမဝင်စားအပ်သည့် အကိုကြီးက အခုကျမှ
ကျွန်တော့်တပည့် ဂျောင်ဂုဆိုတဲ့လူလိမ္မာလေးကို သိချင်ပြီး  Stalker အထိလုပ်ခိုင်းသည်။ အကိုကြီးဘာတွေထပ်လုပ်အုံးမလို့လဲ။

ညီဖြစ်သူ၏ရင်ထဲတွင် အငြိုးထားခြင်းရန်လိုစိတ်တွေ အလိုအလျောက်ကင်းဝေးနေပေမယ့် အကိုဖြစ်သူ၏ရင်ထဲမှာတော့
မီးလိုလောင်မြိုက်ခြင်းတွေ‌‌ ဆက်တိုက်
မွေးဖွားနေလေသည်။

ကိုယ်လုပ်ခဲ့သောအတွေးအကြံအဆတို့ကို
ကျေကျေနပ်နပ်ကြီး ပြုံးနေလျက်။
ထို အပြုံးတွေရဲ့အနောက်မှာတော့ ပူလောင်ခြင်းတွေသည် တသီလိုက်။

" ဥက္ကဉကြီး ဂျောင်ဂုရောက်နေပါတယ်"

" ဝင်ခဲ့ခိုင်းလိုက် "

[Just] CompletedWhere stories live. Discover now